Part 17

281 26 0
                                    

Zawgyi
အချိန်တန်တော့လဲပြန်မလာချင်ပေမယ့်ပြန်လာရတာပဲ တပတ်ပြည့်ပြီဆိုတော့အလုပ်ကလဲပြန်ဝင်ရမယ် သူ့ကိုစောင့်နေတဲ့သူကုသပေးရမယ့်လူနာတွေကလဲရှိသေးတယ်မလား
တုံ့ဆိုင်းစွာတံခါးဖွင့်ပြီးအိမ်ထဲဝင်လာခဲ့လေသည်

အိမ်ထဲဝင်သွားတော့နောက်ဖေးမှာ အမဲသားနပ်နေသောကျီရန်က "မင်းပြန်လာပြီလား နေကောင်းရဲ့လား အဆင်ပြေလား" မေးခွန်းများစွာကိုခေါင်းသာတချက်ငြိမ့်ပြပြီးအခန်းထဲဝင်လာလိုက်တယ်
ခဏကြာတော့ ဆရာသမားကတံခါးလာခေါက်ပြီး သူနဲ့တူတူထမင်းစားဖို့လာခေါ်တာနဲ့ ထွက်လာလိုက်တယ်

ZiY- ထည့်စား မင်းကြည့်ရတာအားမရှိသလိုပဲ
GW- ကျီရန်
ZiY- ဘာလဲ
GW- အခုလက်ရှိမင်းချစ်သူက မင်းအရမ်းချစ်ခဲ့ရတဲ့ချစ်သူကို သေအောင်လုပ်သလိုဖြစ်ခဲ့ရင် မင်းဘယ်လိုလုပ်မလဲ
ZiY- မင်းဘာဖြစ်လို့လဲ
GW- ငါမေးတာအရင်ဖြေ
ZiY- ကောင်းပြီ သူကသေစေလိုတဲ့စိတ်နဲ့လုပ်ခဲ့တာမဟုတ်ရင်ငါလက်ခံပေးနိင်တယ်
GW- ဘယ်လို သူကသေစေလိုတာမဟုတ်ပေမယ့် သူ့ကြောင့်သေရတာဆိုရင်ရော
ZiY- မင်းဘာဖြစ်နေတာလဲ
GW- ငါမေးတာဖြေ
ဂုဝေအသံကအရမ်းစိတ်လှုပ်ရှားနေတာသိသာနေတယ်
ZiY- ဂုဝေ မင်းနဲ့ငါကငယ်ငယ်ထဲကတူတူကြီးလာတဲ့သူငယ်ချင်းတွေ
အခုမင်းဘာဖြစ်နေတာလဲတောင်မပြောပြနိင်ဘူးလား
GW- ငါ့မေးခွန်းအတွက် မင်းအဖြေကိုအရင်သိချင်တယ်
ZiY- ကောင်းပြီ သူကသေပါစေရည်ရွယ်ပြီးလုပ်ခဲ့တာမဟုတ်ရင် သူ့ကြောင့်သေရတယ်ဆိုတာ ကံတရားရဲ့စီမံမှုပဲ အဲ့အတွက်ငါနားလည်ပေးနိင်တယ်...
မင်းကျေနပ်ပြီလား...
အရင်စားလိုက်အုန်း... ပြီးမှအေးအေးဆေးဆေးပြောကြတာပေါ့

ဂုဝေခေါင်းသာငြိမ့်ပြလိုက်တယ်
******
📲📲🎶🎶🎶
မင်ယွဲ့ဖုန်းကိုနံပါတ်အစိမ်းတခုဝင်လာတယ်
MY- ဝေ...
CY- ငါပါ...
MY- မင်းဟိုမှာအဆင်ပြေရဲ့လား
CY- ပြေတယ် မင်းပါရင်ကောင်းမှာ
MY- နောက်တခေါက်ပေါ့ကွာ...
CY- ဂုဝေကောပြန်လာပြီလား
MY- မသိဘူးလေ
CY- မင်းကျီရန်ကောနဲ့အဆက်အသွယ်မရှိဘူးလား
MY- ငါတို့စကားပြောတာဂုဝေကောအကြောင်းပြောတာမှမဟုတ်တာ
မင်းဖုန်းဆက်ကြည့်လိုက်ပေါ့
CY- မဆက်တော့ပါဘူးကွာ... သူမတွေ့ချင်လို့ရှောင်သွားတာ
ငါကဆက်သွယ်နေရင်သူအနှောင့်အယှက်ဖြစ်မှာပေါ့
MY- မင်းလက်လွတ်တော့မလို့လား
CY- ငါ့ကိုမချစ်နိင်လို့ မဖြစ်နိင်ဘူးထင်လို့ရှောင်ထွက်သွားတာ ငါလိုက်ဆွဲထားရင် သူစိတ်ညစ်ရမှာပေါ့ သူ့မှာတခုခုရှိလို့နေမှာပါ
ဒါပဲကွာ ဖုန်းချလိုက်တော့မယ်

BORN THE LOVE AGAIN (Completed)Where stories live. Discover now