နောက်နေ့ ဒေါက်တာဂုဝေတစ်ယောက် မနက်ဂျူတီကျလို့ ဆေးရုံကသူ့လူနာတွေလိုက်ကြည့်ပြီး ကောင်တာနားမှာ သူနာပြုလေးကိုလိုအပ်တာတွေ
မှာကြားနေစဉ်
"အား...... ချောရက်လိုက်တာ ... နတ်သားလေးကျနေတာပဲ...."
ကောင်တာထဲကသူနာပြုမလေးတွေရဲ့ စကားကိုကြားပြီး ဒေါက်တာဂုဝေတစ်ယောက်မော့ကြည့်လိုက်တော့ကိုယ်ခန္ဓာနဲ့ကွက်တိကျနေသောဂျင်းအနက်ရောင်နဲ့ ရှပ်အင်္ကျီခဲပုတ်ရောင်လက်ရှည်ကို တံတောင်ထိ ခေါက်ဝတ်ထားပြီး ပြောင်နေအောင်တိုက်ထားခံရတဲ့ ရှူးဖိနပ်အမဲလေးကို ဝတ်ထားသော သစ်သီးခြင်းကြီးဆွဲကာဝင်လာတဲ့ သူနဲ့အသက်သိပ်မကွာတဲ့ လူလတ်ပိုင်းအမျိုးသားတစ်ယောက်
တကယ်လဲအမျိုးသမီးထုကြီးကြွေမယ်ဆိုကြွေလောက်စရာပုံစံပါ
အနားရောက်မှ
ဟင် ... ဟိုလူလိုမသိတဲ့ကောင်ပါလားလို့စိတ်ထဲမှာရေရွတ်လိုက်ပြီး ဒေါက်တာဂုဝေ မသိချင်ယောင်ဆောင်နေလိုက်သည်။ချန်ယုတယောက် ကောင်တာကိုခြေလှမ်းနှစ်လှမ်းလောက်ကျော်သွားပြီးမှ ရုတ်တရက်ခြေလှမ်းတွေရပ်တန့်လိုက်ပြီး နောက်ကိုလှည့်ကြည့်လိုက်တော့
"ငါ့ဆီကိုလာတော့မယ်ထင်တယ် ...." သူနာပြုမလေးတွေရဲ့တယောက်တပေါက်ပြောသံကိုကြားပြီး မကြာခင်
CY - ဒေါက်တာ ... ဟိုနေ့ကဒေါက်တာ ဟုတ်တယ်မလား....
မင်္ဂလာပါ... ဒေါက်တာ
ဒေါက်တာဂုဝေတယောက် မျက်မှောင်ကုတ်ပြီး ကြည့်လိုက်သည် ...ပြီးတော့
GW - ကျွန်တော့်နာမည် ဂုဝေ
ခပ်ပြတ်ပြတ်နဲ့ ယဉ်ယဉ်ကျေးကျေးပြောလိုက်သည်။
CY - ကျွန်တော့်နာမည် ချန်ယုပါ
ဒါနဲ့ အူအတက်ပေါက်တာ အသက်အန္တရာယ်စိုးရိမ်ရလား
GW - အရမ်းကြီးစိုးရိမ်စရာမရှိပါဘူး
CY - ဒါဆိုအရေးမကြီးဘူးပေါ့
GW - ခွဲစိတ်ရတယ်ဆိုထဲကအရေးကြီးပါတယ်
အချိန်မှီမခွဲစိတ်နိင်ရင် အသက်အန္တရာယ် စိုးရိမ်ရပါတယ်
CY - ဒါဆိုလူနာရှင်တယောက်အတွက် ဆောင်ရန်ရှောင်ရန်လေးတွေပြောပြပါလား
GW - လူနာကဂတ်စ့်ကိစ္စပြီးပြီလား
CY - ခင်ဗျာ ....ဂတ်စ့် ....
GW - လေလည်တာကိုပြောတာပါ....
CY - ဩော် ... မလည်သေးဘူးထင်တယ်
GW - ဂတ်စ့်ကိစ္စပြီးမှ အစာစကျွေးပါ
ဂတ်စ့်ကိစ္စအဆင်ပြေဖို့က လမ်းများများလျှောက်ခိုင်းပါ...
YOU ARE READING
BORN THE LOVE AGAIN (Completed)
FanfictionBorn the love again Zawgyi ဇာတ်ကောင်မိတ်ဆက် ချန်ယု - China Southern Airline ရဲ့ Senior Co Pilot, တည်ငြိမ်ပြီးချောလွန်းအားကြီးတဲ့မျက်နှာ၊ နှာခေါင်းလုံးလုံး၊ ပါးဖောင်းလေးနဲ့ ခန့်ညားတဲ့ယောကျာ်းတစ်ယောက်မို့ မိန်းခလေးတိုင်းရင်းနီးချင်တဲ့ယောကျာ်းတယော...