ဂုဝေဆုတောင်းတွေမပြည့်ခဲ့ပါဘူး
မနက်နိုးတော့စိတ်တွေလေးနေခဲ့တာ အဲ့အချိန်မှာပဲ ချန်ယုဆီကစာဝင်လာတယ် "ကျွန်တော်တို့ဒီနေ့ မြို့ပြင်ထွက်ရမယ် ရှေးဟောင်းမြို့တော်မှာ ဒုတိယမြှောက်ရုံးခွဲဖွင့်မှာသွားကြရမယ်"
ရှေးဟောင်းမြို့တော်ကိုသွားတာ တောင်ကြားလမ်းတလမ်းသာရှိသည်မို့ အရင်အတိတ်ဟောင်းကဖြစ်ရပ်ကိုပြန်တွေးမိကာ လမ်းခရီးအဆင်ပြေဖို့သာချန်ယုအတွက်ဆုတောင်းမိလိုက်သည်။အရေးပေါ်ကားဆိုက်ပြီးလူနာကိုကားပေါ်ကချမလို့ကြည့်လိုက်တော့မြင်လိုက်ရတာ သတိလစ်ကာအရေးပေါ်တွန်းလှဲပေါ်မေ့မြောနေသော ချန်ယု
အရေးပေါ်လှည်းကိုဆေးရုံထဲ အမြန်တွန်းသွားကြကာ နှလုံးခုန်စက်တွေ သွေးပေါင်ချိန်တိုင်းစက်တွေနဲ့ ချိတ်ဆက်ပြီးချိန်မှာ သွေးပေါင်တွေကကျနေပြီ အရေးပေါ်အသက်ကယ်ဆေးထိုးဖို့လုပ်နေတုန်း နှလုံးခုန်စက်မှာ ပေါ်နေတဲ့ လှိုင်းတွန့်ပုံမျဉ်းလေးတွေက တဖြောင့်ထဲဖြစ်သွားချိန် ဂုဝေတယောက် ချန်ယုနှလုံးနားရင်ဘက်ကြားကိုလက်၂ဖက်နဲ့ဖိရင်း အရေးပေါ်နှလုံးခုန်အောင်လုပ်နည်းနဲ့ ၄ခေါက်၅ခေါက်လောက်လုပ်ပေမယ့် အခြေအနေကထူးမလာ
GW- နှလုံးရှော့ရိုက်မယ်
သူနာပြု- အဆင်သင့်ဖြစ်ပါပြီဆရာသို့သော်လဲအခြေအနေကထူးမလာ
ဂုဝေတယောက်မျက်ရည်တွေကျလာသည် အရေးပေါ်ကားပေါ်မှာ ချန်ယုမှန်းသိထဲက လှိုက်တက်လာတဲ့အပူက အခုချိန်မှာမထိန်းချုပ်နိင်တော့ ချန်ယုရင်ဘက်ကိုထုပြီး "ထ...မင်းထလာတော့လေ... မင်းပြောတော့ငါ့ကိုချစ်တယ်ဆို ငါ့နားမှာရှိချင်တယ်ဆို.. ငါ့ကိုဂရုစိုက်ပေးမယ်ဆို.... ထလေ.. အခုမင်းကြောင့်... ငါမျက်ရည်တွေကျနေရပြီ... ချန်ယု... မင်းထလာတော့နော်... ငါ့ကိုနေ့တိုင်းအဖြေတောင်းနေတာ... မင်းဒီနေ့မတောင်းရသေးဘူးလေ..
ငါမင်းကိုချစ်တယ်လို့ပြောမှာ... မင်းထနားထောင်လေ... ချန်ယု... ထပါတော့ကွာ... ငါမင်းကိုချစ်တယ်လေ... ထပါတော့ ကို့ကိုဒီလိုပုံမျိုးနဲ့တော့ ထားမသွားပါနဲ့..."
ဘေးကလူတွေလဲဒေါက်တာဂုဝေကို သနားစွာမျက်ရည်ကျနေကြတယ်
သူ့အတွက်ဒုတိယအကြိမ်ကလဲ ဒီပုံစံအတိုင်းချစ်သူကထားခဲ့မှာလား....
YOU ARE READING
BORN THE LOVE AGAIN (Completed)
FanfictionBorn the love again Zawgyi ဇာတ်ကောင်မိတ်ဆက် ချန်ယု - China Southern Airline ရဲ့ Senior Co Pilot, တည်ငြိမ်ပြီးချောလွန်းအားကြီးတဲ့မျက်နှာ၊ နှာခေါင်းလုံးလုံး၊ ပါးဖောင်းလေးနဲ့ ခန့်ညားတဲ့ယောကျာ်းတစ်ယောက်မို့ မိန်းခလေးတိုင်းရင်းနီးချင်တဲ့ယောကျာ်းတယော...