Part 8

333 31 0
                                    

Beijing Hospital

CY- ဒေါက်တာကျီရန်
ZiY - အာ... ချန်ယုရောက်ပြီလား
CY- မတွေ့တာကြာပြီနော်ကော
ZiY- အေးကွာ...ဒါနဲ့ဒီနေ့နားရက်လား...
CY- မဟုတ်ဘူးကော... ည flight တက်ရမှာ...
ဒါနဲ့ ...ဒါကကျွန်တော်သူငယ်ချင်း မင်ယွဲ့... ဒါက မင်ယွဲ့မားမား
အကိုဂရုစိုက်ပေးပါအုန်း...
ZiY- ကောင်းပါပြီ... အချင်းချင်းတွေပဲ... ဒါနဲ့ မင်းကောဂုဝေကိုသွားနှုတ်ဆက်လိုက်အုန်း...
CY - ဗျာ...
ZiY- သူ့အခန်းမှာရှိတယ်... ဒီနေ့ခွဲခန်းဝင်စရာမရှိဘူး
CY - ဟုတ်...ကျွန်တော်အခုသွားနှုတ်ဆက်လိုက်မယ်...
ZiY- ချန်ယု... ပန်းမယူသွားနဲ့နော်
ဟုစလိုက်တော့
ချန်ယုတယောက် ရှက်ရယ်ရယ်ပြီးထွက်သွားလေသည်။

*****
GW - စီနီယာ... ကျွန်တော်စီနီယာအပေါ်မှာ အမတယောက်... သူငယ်ချင်းတယောက်ထပ်မပိုပါဘူး...
ဂုဝေအခန်းသို့ ဒေါက်တာဇီရှောင်ရောက်နေပြီး သူ့ခံစားချက်ကိုထုတ်ဖော်နေခြင်းဖြစ်သည်ကို ဂုဝေစိတ်ရှုပ်စွာ ပြန်ရှင်းနေခြင်းဖြစ်သည်။

ထိုအချိန်မှာပဲ...

ဒေါက်ဒေါက်....
ဖွင့်ထားသောတံခါးကိုခေါက်ပြီး အခန်းတွင်းသို့ဝင်ရောက်နှုတ်ဆက်လိုက်သော ချန်ယု
"မင်္ဂလာပါ .... ဒေါက်တာဂု... ကျွန်တော့်ရင်ဘက်အောင့်နေလို့ပါ..."
ပြောပြီးဝင်သွားကာမှ အခန်းတွင်းတခြားတယောက်ကိုပါမြင်လိုက်ရတော့
"အာ... တောင်းပန်ပါတယ်... ကျွန်တော်နောက်မှလာခဲ့ပါ့မယ်"
GW- ချန်ယု ... ဝင်ခဲ့ပါ... လူနာကြည့်နေတာမဟုတ်ပါဘူး
CY -ဟုတ်...
GW - ချန်ယု... ဒါက ငါတို့စီနီယာ ဒေါက်တာဇီရှောင်... ဒီဆေးရုံရဲ့ ခွဲစိတ်အထူးကု ဆေးရုံအုပ်ရဲ့သမီး
စီနီယာ... ဒါက ကျွန်တော့်အသိ ချန်ယု... China Southern Airline ရဲ့ Sr. Co pilot
CY- ဟုတ် တွေ့ရတာဝမ်းသာပါတယ် ခင်ဗျာ...
ZX- ဟုတ် တွေ့ရတာဝမ်းသာပါတယ်
GW- ချန်ယု ဘယ်သူဘာဖြစ်လို့လဲ
CY- ကျွန်တော့်သူငယ်ချင်းအမေ နုလုံးရောဂါပြန်ဖောက်လာတာ ကျီရန်ကောနဲ့ပြဖို့ လာကြတာ...
GW- ဩော်...ကျီရန်က ကိုယ့်ကိုဘာမှတောင်မပြောဘူး... မင်းတို့၂ယောက် ကို့ကိုလျိုထားတယ်ပေါ့...
CY - ဟုတ်ရပါဘူးဗျာ...
GW - အပြစ်ပေးတဲ့အနေနဲ့ ဒီနေ့ နေ့လည်စာလိုက်ကျွေး...
CY- ကော စားချင်တာလိုက်ကျွေးမယ်လေ...

BORN THE LOVE AGAIN (Completed)Where stories live. Discover now