part 7

346 30 0
                                    

First Date

ဂုဝေတယောက်စိတ်ဆင်းရဲကြီးစွာ ဘာပန်းဝယ်ရမလဲစဉ်းစားနေသည် first date မှာချစ်သူကိုပန်းစည်းလှလှလေးတော့ပေးသင့်တယ်မလား
ပန်းဆိုင်ရှေ့မှာဝင်လို့လဲမရ ကိုယ့်အကြောင်းနှင့်ကိုမို့လို့ မတော်ရသေးတဲ့ယောက်ဖအားဖုန်းဆက်ပြီး အကူအညီတောင်းရတော့မယ်
နောက်ဆုံးတော့ ကျီရန်အကူအညီနဲ့ ချယ်ရီပန်းစည်းကြီး ဝယ်လာလိုက်သည်။ ပန်းဆိုင်ထဲပန်းစည်းကကျီရန်ဝင်ဝယ်တာ ဒါပေမယ့်ယူသွားရမှာက ဂုဝေကိုယ်တိုင်ဖြစ်တာကြောင့် သူ့သူငယ်ချင်းက ဆိုင်နဲ့တိုင်ပင်ပြီး ချယ်ရီပန်းစည်းယူလာလိုက်တယ်။ ကံကောင်းတာတခုက ချယ်ရီပွင့်ချိန် ၃လပိုင်းလောက်ဖြစ်နေတာပဲ။

ချစ်သူကိုသူ့ကျမှချယ်ရီပန်းပေးကာထူးဆန်းနေတာမှန်ပေမယ့် သူလဲမတက်နိင် မဟုတ်ရင်ချစ်သူနဲ့မတွေ့ရပဲဆေးရုံရောက်မှာမလား။

ပန်းနုရောင် ဂါဝန်လေးနှင့်ဆိုင်ကိုအရင်ရောက်ကာထိုင်စောင့်နေသော ဇီယီဆီသူ့မြန်မြန်လေးလှမ်းသွားတော့ ဇီယီကကြောင်ကြောင်လေးကြည့်ရင်း
"ကော ပန်းတွေနဲ့အဆင်ပြေသွားပြီလား..."
ဂုဝေလဲစချင်တာနဲ့ "ကောကဘယ်တုန်းကပန်းနဲ့ရန်ဖြစ်ထားလို့လဲမေးတော့ ..." ဇီယီမျက်စောင်းလှလှလေးကသူ့ပေါ်ကျရောက်လာတယ် ပြီးမှ ဂုဝေတယောက် ရှင်းပြလိုက်တော့ ဇီယီမျက်နှာလေးကပြုံးသွားတယ်...ဂုဝေအတွက်တော့ အရမ်းကျေနပ်စရာကောင်းတဲ့အပြုံးပေါ့...ပြီးတော့ ဇီယီလက်လေးကိုလှမ်းဆွဲလိုက်ပြီး

GW - ယီလေး....ကော တောင်းပန်ပါတယ်နော် ....နှင်းဆီပန်းစည်းမဝယ်ပေးနိင်လို့...
ZY- မဟုတ်တာ ယီလေးက နှင်းဆီပန်းထက် ချယ်ရီကိုပိုကြိုက်တာ
GW- ဟုတ်လား...တကယ်လား...တော်သေးတာပေါ့...
ZY- ဟုတ်တယ် ကောဆီကပန်းစည်းအနေနဲ့ကော ပထမဆုံးရတဲ့ပန်းအနေနဲ့ကောကြောင့် ယီလေး ချယ်ရီကိုအရမ်းမြတ်နိးတယ်...

*******
ကျီရန် - ပြန်ရအောင် ညနေ မင်းစီနီယာနဲ့တွေ့ရအုန်းမှာမလား...နောက်မကျခင်ပြန်ကြမယ်လေ

နစ်ယောက်သား ထိုနေရာလေးကထွက်ခွာလာခဲ့ကြတယ်။

******
ချန်ယုတယောက် စိတ်ထဲမှာစိတ်မကောင်းခြင်းမားစွာနဲ့ ဂုဝေကိုတောင်းပန်ချင်ပေမယ့် ဖုန်းနံပါတ်လဲမသိ လိပ်စာလဲမသိတာကြောင့်..ကားသော့ဆွဲကာဆေးရုံကိုပြန်လာလိုက်တယ်
ကောင်တာရောက်တော့...."ကျွန်တော် ဒေါက်တာဂုဝေကိုဆက်သွယ်ဖို့တခုခုများရနိင်မလား..."
သူနာပြုမလေးတွေလဲပေးလို့မရကြောင်းပြောတော့ သူစိတ်လျော့ကာပြန်လာရင်း....ကွန်ဒိုတလုံးရှေ့ကကားပါကင်မှာ ကျီရန်ကားပေါ်ကဆင်းလာတာတွေ့တော့ ဖုန်းနံပါတ်မေးရန် ကားလေးကို ဝမ်းသာအားရ ကွန်ဒိုဘက်ကွေ့ပြီး အပေါက်ဝနားထိုးလိုက်တယ်။
ထိုအချိန်မှာပဲ ကျီရန်နဲ့အတူဂုဝေပါကားပါကင်ကနေ ကွန်ဒိုဆီလျှောက်လာတာတွေ့တော့ သူရပ်စောင့်နေလိုက်သည်။

BORN THE LOVE AGAIN (Completed)Where stories live. Discover now