ပေကျင်းဆေးရုံတွင်
ခွဲခန်းထဲကထွက်လာသောဆရာဝန်နှစ်ဦး
ဇီရှောင်(ZX) - တော်သေးတာပေါ့ ဂုဝေကူပေးလို့
ဂုဝေ(GW) - စီနီယာကတော်ပြီးသားပါ ကျွန်တော်ကသာ စီနီယာဆီကပညာသင်နေရတာ
ZX - ဒီနေ့ခွဲခန်းမှာ ဂုဝေသာရောက်မလာရင် တို့လုပ်နိင်မှာမဟုတ်ဘူး အူအတက်က ဘယ်ဘက်မှာရှိနိင်တာကို မေ့သွားတယ်
GW - ဒါမျိုးကရှားပါတယ် အဲ့တာကြောင့် သတိမထားမိဖြစ်သွားတာပါခွဲခန်းကထွက်လာပြီးလက်အိတ်နဲ့ အပေါ်ဝတ်ကိုချွတ်ပြီး ခွဲစိတ်ခန်းကအကြောင်း ပြောနေကြခြင်းဖြစ်သည်။
ZX - ဂုဝေက လူနာကိုချုပ်ရိုးလှလှလေး ချုပ်ပေးလိုက်တယ်နော်
GW - မိန်းခလေးဆိုတော့လှချင်မှာလေ ချုပ်ရိုးကမသပ်မရပ်နဲ့ဆို စိတ်မကောင်းဖြစ်မှာ စိုးလို့ပါ
ZX - စိတ်ထားကအရမ်းကိုနူးညံတာပဲ အမြဲတမ်းသူများခံစားရမှာကိုပါ တွေးပြီး စိုးရိမ်ပေးတက်တဲ့လူက ဘာလို့တို့ခံစားချက်ကိုကျ မသိချင်ယောင်ဆောင်နေတာလဲဂုဝေလက်ဆေးနေရင်းတုန့်ဆိုင်းသွားပြီး
GW - နေ့လည်စာစားချိန်တောင်လွန်နေပြီပဲ ဗိုက်ဆာလိုက်တာ
ZX - ဘာစားကြမလဲ တူတူသွားစားကြမယ်လေထိုအချိန်
သူနာပြုရင် - ဒေါက်တာဇီ ဓာတ်မှန်ဌာနက ရောဂါတခုအတည်ပြုဖို့လာပေးပါအုန်းလို့မှာသွားတယ်
ZX - အခုလား
သူနာပြုရင် - ခွဲခန်းကထွက်လာတာနဲ့ပြောပေးဖို့ အရေးကြီးတယ်လို့ပြောသွားပါတယ်
(Dr. ဂု ကကျမပိုင်တာ ရှင်နဲ့ ထမင်းတူတူ သွားစားစရာလား ဟွန်း....)ဂုဝေပြုံးပြီး ထိုနေရာမှထွက်လာခဲ့လိုက်သည်။
***********
ဆေးရုံကားပါကင်မှာကားရပ်ပြီးတာနဲ့ဆေးရုံအတွင်းအလျင်အမြန်ပြေးဝင်လာလိုက်သည်။
မိဘတွေမရှိတော့ထဲက ဒီညီမလေးတယောက်သာ တွယ်တာစရာကျန်တော့သည်မို့ အရမ်းကိုချစ်ပြီး အစစအရာရာ အကုန်လိုက်ဂရုစိုက်သည့်ကြားမှ အရေးပေါ်ဆေးရုံတင်ခွဲစိတ်ရသည်ဟုကြားရတဲ့အတွက် ချန်ယုရင်မှာအရမ်းကိုစိုးရိမ်နေမိသည်။CY - ယန့်လီ ညီမလေး ယန့်လီ
တခန်းဝင်တခန်းထွက်ပြေးပြီး အရူးတပိုင်းလို ညီမလေးအားရှာဖွေနေချိန်
YOU ARE READING
BORN THE LOVE AGAIN (Completed)
FanfictionBorn the love again Zawgyi ဇာတ်ကောင်မိတ်ဆက် ချန်ယု - China Southern Airline ရဲ့ Senior Co Pilot, တည်ငြိမ်ပြီးချောလွန်းအားကြီးတဲ့မျက်နှာ၊ နှာခေါင်းလုံးလုံး၊ ပါးဖောင်းလေးနဲ့ ခန့်ညားတဲ့ယောကျာ်းတစ်ယောက်မို့ မိန်းခလေးတိုင်းရင်းနီးချင်တဲ့ယောကျာ်းတယော...