part 6

367 30 0
                                    

ကျီရန် သူ့ညီမအုတ်ဂူရှေ့မှာထိုင်ပြီးစိတ်ထဲမှာတော့
"ယီလေးရေ ညီမလေးတောင် အကိုတို့ကို စောပြီးစွန့်ခွာသွားတာ ၅နစ်ရှိပြီ.... အခုဆိုကောင်းမွန်တဲ့ဘဝတခုမှာ နေသားကျပျော်ရွှင်နေမယ်လို့ ကောယုံကြည်တယ်..
ညီမလေးရဲ့ ချစ်သူကို အခုချိန်ထိ  ညီမလေးအတွက် ကြေကွဲခံစားနေရတာကို ညီမလေးလဲမြင်ချင်မှာမဟုတ်ဘူးမလား...
သူ့အတွက် သူ့အပေါ် ချစ်ခင်နားလည်ကြင်နာနိင်မယ့် လူကောင်းတဦးနဲ့ဆုံတွေ့ဖို့ ညီမလေးကိုယ်တိုင်လဲ ဖြစ်စေချင်မှာပါ...စောင့်ရှောက်ပေးလိုက်နော် ညီမလေး "

ဂုဝေ စိတ်ထဲမှာတော့
"ယီလေး ကိုကို့ကို ခွဲသွားတာ ၅နစ်ရှိပြီနော်...
ဟိုမှာအဆင်ပြေတယ်မလား... တရက်မှမေ့မရဘူး ယီလေးရယ်...ကိုကို ယီလေးအတွက် နှင်းဆီဖန်ဘူးလေးပဲယူလာတယ် ..ယီလေးကြိုက်တဲ့ ချယ်ရီတွေက ဒီအချိန်မရှိသေးလို့လေ ... ချယ်ရီတွေပွင့်ရင် ကိုကိုထပ်လာပို့မယ်နော်... ချယ်ရီက ကိုယ်တို့၂ယောက်အတွက် အချစ်ပန်းပွင့်လေးနော်...
ကိုကို့ဆီကဖန်ဘူးနဲ့ပန်းကိုမလိုချင်လို့ အနံမရှိတဲ့ချယ်ရီပန်းလေးကို ကြိုက်ပေးတဲ့ကိုကို့ရဲ့ ယီလေး..."

လွန်ခဲ့သော ၇နစ်
ဂုဝေတို့သူငယ်ချင်းတွေ လူတွေအသက်ကိုကယ်တင်စောင့်ရှောက်ပေးလို့ရတဲ့ ဆရာဝန်ဘွဲ့ယူတဲ့နေ့ ...
ဇီယီတယောက် နှင်းဆီပန်းစည်း၂စည်းနဲ့ လူကောင်ကသေးတော့ပန်းစည်းပဲမြင်ရတယ် ...
အကို၂ယောက်ဘွဲ့ယူပြီးလို့အပြင်မှာဓာတ်ပုံရိုက်ဖို့စောင့်နေတယ်...
ဂုဝေနဲ့ကျီရန်တို့ ခန်းမကထွက်လာတော့ ဂုဝေကအိမ်သာဝင်နေတာနဲ့ ကျီရန်က သူ့ညီမရှိရာကိုအရင်လာလိုက်သည်
ZY - ကော ဂုဏ်ယူပါတယ် ... ဆရာဝန်ကြီးဖြစ်ပြီပေါ့ ...ဟုဆိုကာ နှင်းဆီပန်းစည်းအနီရောင်ကိုသူ့အကိုကျီရန်လက်ထဲထည့်ပေးလိုက်တယ်
ZiY- ဆရာဝန်မကြီးသေးပါဘူး ...ဆရာဝန်ပေါက်ပဲရှိပါသေးတယ်...
ZY - 😄😄😄
ဂုဝေကောရော....
ZiY- ဟိုမှာ...လာပြီ
ZY - ဂုဝေကော ...ရော့...ကောအတွက် ...ဂုဏ်ယူပါတယ် ဆိုပြီး ဖြူလွှနေတဲ့နှင်းဆီပန်းစည်းကြီး လက်ထဲထည့်အပေး
ဂုဝေတယောက် ...ဟတ်ချိုး....ဟတ်ချိုး...
နှာတွေချည်ပြီးမျက်ရည်တွေကျလာကာ...အသက်ရူကြပ်ပြီး သတိပါလစ်သွားတော့ ....ကျီရန်တို့မောင်နှမ ၂ယောက်လဲစိုးရိမ်ပြီး...ဆေးရုံပို့လိုက်ရတယ်

BORN THE LOVE AGAIN (Completed)Where stories live. Discover now