အပိုင်း (၆၀) - အန်းချောင်၏ စိတ်ဓာတ်ကြံ့ခိုင်မှု

7K 1.1K 48
                                    

Unicode

အန်းခယ့်ရှင်း နှင့် လင်းရှင်းတို့အခြေအနေအကြောင်း သတင်းမှာ မကြာမီမှာပင် ဖန်ကျန်းပင် နှင့် အန်းချောင် တို့ဆီ ပျံ့နှံ့သွားလေ၏။ သူတို့မှာ ချက်ချင်းဆိုသလို အသည်းအသန် ဖြစ်လာကြသည်။

ယခု ဖန်ကျန်းပင် နားလည်နေမိသည့် တစ်ခုမှာ ယင်းသည် သူမကို ခြောက်လှန့်နေခြင်း ဆိုသည်ကိုပါပင်။ သခင်ကြီး သေဆုံးသွားပြီးနောက် သခင်လေး ဖြစ်သည့် အန်းကျီယန် က မိသားစုခေါင်းဆောင် နေရာကို ယူထားသည်။ ယင်းမှာကား သခင်ကြီး အသက်ရှင်နေသကဲ့သို့ပင် ဖြစ်နေချေ၏။ သူက မိသားစုအပေါ် သြဇာအာဏာကို လုံးဝ ဆုပ်ကိုင်ထားပေသည်။

ထို့ပြင် အန်းကျီယန် ပြောလိုက်သည့်စကား ရှိသေးသည်။

အစ်ကိုအကြီးဆုံးဆိုတာ ဖခင်နဲ့ အတူတူပဲ!

အန်းကျီယန်တွင် သူတို့၏ အနာဂတ်ကို ဆုံးဖြတ်ပေးနိုင်သော အာဏာပင် ရှိနေပေသည်။

"အမေ...ကျွန်မ...လုံးဝ လုံးဝ ကျွန်မရဲ့ အနာဂတ်ကို သူ ဆုံးဖြတ်ခွင့် မပြုနိုင်ဘူး!"

သတင်းကို ကြားလိုက်ရပြီးနောက် အန်းချောင်က သူမ ၏ ခေါင်းကို ပင့်မော့လာလေပြီး မဲမှောင်နေသည့် မျက်နှာကို ဖော်ပြလာချေ၏။ သူမက ဖန်ကျန်းပင် ကို တည့်တည့် စိုက်ကြည့်လာသည်။ သူမ၏ ထုံထိုင်းပြီး သစ်သားတုံးနှယ် မျက်နှာထက်တွင် စိတ်ဓာတ်ခိုင်ကျည်သည့် အမူအရာတို့ တစွန်းတစ ဖြစ်တည်နေလေ၏။

ဖန်ကျန်းပင်က ချက်ချင်းဆိုသလို သူမရဲ့သမီး စိတ်ပြေစေရန် ကြိုးစားကာ ပြောလာလေသည်။

"ချောင်အာ... အမေ နားလည်ပါတယ်။ အမေကလည်း သမီးရဲ့ အနာဂတ် ကို သူ ဆုံးဖြတ်သွားမှာမျိုး မလိုချင်ပါဘူး ။ စိတ်ချနေနော်...။ သူသာ သမီးကို အတင်းအကြပ် တွန်းအားပေးပြီး လက်ထပ်ခိုင်းရဲရင် အမေက ဒီအရိုးအိုကြီးတွေနဲ့ သူ့ကို သေသည်အထိ ပြန်တိုက်ခိုက်ပစ်မယ်"

အန်းချောင် က သူမအမေ၏လက်ကို ကိုင်လိုက်လေကာ အမူအရာကင်းမဲ့နေသော မျက်နှာဖြင့် ပြောလိုက်၏။

"အမေ...ကျွန်မ တော်ဝင်မိသားစုဝင်တစ်ယောက်ကို လက်ထပ်နိုင်ရမယ်လို့ ကျိန်ဆိုတယ်။ သူ့ရဲ့ ကိုယ်လုပ်တော် တစ်ယောက်ပဲ ဖြစ်ရမယ်ဆိုရင်တောင်မှ အဆင်ပြေတယ် "

ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး( Book - 2)Where stories live. Discover now