Unicode
အပိုင်း (၇၆.၂) - လင်မယားနှစ်ယောက်သား အလည်အပတ်ရောက်လာခြင်း
ထိုသတင်းကို ကြားပြီးနောက် အန်းကျီယန်သည်ပင် တုန်လှုပ်အံ့အားသင့်သွားရသည်။
“သူတို့ အခု အဓိကခန်းမထဲမှာပဲလား?”
ဆုကျီက ပြန်ဖြေလေ၏။
“သူတို့က အထဲကို အတင်းဝင်လာကြတာပါ။ အစေခံတွေလည်း သူတို့ကို မတားနိုင်ဘူး။ သခင်လေး...ကျွန်တော် သူတို့ကို မောင်းထုတ်ဖို့ လူရှာပေးရဦးမလား?”သခင်လေးက ထိုသူတို့ကို လုံးဝ ထပ်မမြင်လိုတော့ကြောင်း သူသိပေသည်။ သူ ထိုလင်မယားနှစ်ယောက်လုံးကို သဘောမကျချေ။ သူတို့၏ အရည်ပြားက ထူထဲလွန်းလှ၏။ သူတို့၏ ဆက်ဆံရေးမှာ လုံးဝ ပျက်ယွင်းသွားပြီ ဖြစ်သော်ငြား သူတို့က ပြန်လာရဲကြသေးသည်။
“မလိုဘူး။ သူတို့ ဘာလိုချင်လဲ ဆိုတာကို သွားကြည့်ကြတာပေါ့ ”
……
“မင်းတို့တွေ အလုပ်ကို ဘယ်လိုလုပ်နေကြတာလဲကွ။ ဒီသခင်ကို ဘာလို့ လက်ဖက်ရည် လာမငှဲ့ပေးကြတာလဲ?
အန်းချန်တိက ထိုင်ခုံ၌ထိုင်ကာ အန်းမိသားစု၏ အစေခံများကို သူတို့အား အလုပ်အကျွေးပြုစေရန် အော်ဟစ်အမိန့်ပေးနေလေသည်။ သူက သူ့ကိုယ်သူ မိသားစု၏ခေါင်းဆောင်နှယ် ပြုမူနေပေ၏။
အစေခံအနည်းငယ်က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏။
သူတို့က အန်းမိသားစုသို့ ခုမှ ရောက်လာသည့် အစေခံအသစ်လေးများ မဟုတ်ကြပေ။ ထိုလူနှစ်ယောက်နှင့် သခင်လေးကြား ဆက်ဆံရေးပြတ်တောက်သွားသည့် မြင်ကွင်းကို သူတို့ ရှင်းရှင်းလင်းလင်း မှတ်မိနေပါသေး၏။ ဤသည်မှယ သိပ်မကြာသေးသော်ငြား ထိုသူများက အိမ်တံခါးထိရောက်လာရဲကာ သူတို့ကိုယ်သူတို့ အိမ်တော်သခင်များကဲ့သို့ ပြုမူနေကြသည်လား?သးတို့ ရူးများသွားပြီလား?
ဝူကျီးက သူတို့၏ အမူအရာများကို ကြည့်ကာ အေးစက်စက် ပြုံးလိုက်သည်။
“အန်းမိသားစုရဲ့ အစေခံတွေက ပိုပိုပြီး စည်းကမ်းမဲ့လာတာပဲ...သူတို့ရဲ့ သခင်တွေကိုတောင် မျက်လုံးထဲ မထည့်ကြတော့ဘူးပေါ့လေ။ ငါတို့မှာ အာဏာမရှိဘူးဆိုပြီး အနိုင်ကျင့်လို့ရမယ် မထင်နဲ့။ ငါတို့က အခုထိ အန်းကျီယန်ရဲ့ ဦးလေးနဲ့ ဒေါ်လေးပဲ"
YOU ARE READING
ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး( Book - 2)
Historical Fictionအရင် accထဲဝင်မရတော့လို့ Book ခွဲလိုက်ပါပြီ 🙆 ဒါက အပိုင်း ၁ ကနေ ဖတ်လို့ရတဲ့ Linkပါ🖤 https://my.w.tt/7FVYRdnwfcb Book 2 Start Date - 16.12.2020 Book 2 End Date -