Unicode
အပိုင်း (၆၄.၂) - ဖူဝူထျန်း၏ စွမ်းအား
"ကိုယ်က ဘာလို့ သူ့ကို ဒီစာအုပ် ပေးလိုက်ရမှာလဲ?"
အန်းကျီယန် သူ့ကို ကြည့်လိုက်မိ၏။
"ခင်ဗျားက ဒီစာအုပ်ကို ဖျက်ဆီးပစ်မယ်လို့ ပြောချင်တာလား?"
စာအုပ်သည် အခိုးခံလိုက်ရပြီမို့ ကျင်းကျုံးထင်သည် စာအုပ် သူတို့ လက်ထဲ၌ ရောက်နေပြီး ဖြစ်သည် ကို သေချာပေါက် ခန့်မှန်းမိပေလိမ့်မည်။ သူတို့သာ ထိုစာအုပ်ကို မလွှဲပြောင်းပေးဘူးဆိုလျှင် ထိန်းသိမ်းဖို့ရာ စဥ်းစားရပေလိမ့်မည်။ သူတို့က စာရင်းစာအုပ် မရှိတော့ကြောင်း ပြောလိုက်လျှင်ပင် တစ်ဖက်က ယုံကြည်လိမ့်မည် မဟုတ်ပေ။
ရှို့ဖေး က ရုတ်တရက် အားပါးတရ ရယ်ချလိုက်သည်။ အန်းကျီယန် သူ့ကို ကြည့်လိုက်ချိန်၌ သူက ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်လေသည်။
"ဝမ်ဖေး...ဝမ်ဖေး မသိတာတစ်ခု ရှိနေသေးတယ်ဗျ။ ကျွန်တော်တို့ ဝမ်ရယ်ကလေ...အရမ်း စွမ်းအားကြီးတာနော်။ ချုန်းမင်ဧကရာဇ် ကို အစီအရင် မခံလိုက်ရင်တောင်မှ ဝမ်ဖေးအနေနဲ့ တာ့ယာပြည်က ဒီလို ပိုးမွှားလေးတွေကို အလွယ်လေး သုတ်သင်ပစ်လို့ရတယ်"
အန်းကျီယန် ဖူဝူထျန်း ကို တစ်ချက်ကြည့်လိုက်သည်။
ဖူဝူထျန်း က မည်သည့် စကားနှင့်မှ ငြင်းဆိုခြင်း မပြုပေ။
အန်းကျီယန် ဖူဝူထျန်း နှင့် ပတ်သတ်၍ အကြောင်းအရာအသစ်ကို သိရှိလိုက်ရသည့်နှယ် ခံစားလိုက်ရ၏။
ရှို့ဖေး၏ မျက်နှာထက်တွင် တောက်ပသည့် အပြုံးတစ်ခု ရှိနေပေသည်။ သူသည်လည်း ပထမဆုံးအကြိမ် စတင်သိရှိခဲ့စဥ်က အလွန်အမင်း တုန်လှုပ်သွားခဲ့ရသည်ပင်။ ဝမ်ရယ်သည် မင်းသားတစ်ပါး မဟုတ်သလို ဧကရာဇ်တစ်ပါးလည်း မဟုတ်ပါချေ။ သို့သော် ဝမ်ရယ့်၏ အခွင့်အာဏာ စွမ်းအားသည် ကျန်းစန်းချန်တိ ထက်ပင် ပို၍ မြင့်မားပေသည်။အနာဂတ်၌ ကျန်းစန်းချန်တိ သာ ပြစ်မှု တစ်ခုခု ကျူးလွန်ခဲ့ပါက ဝမ်ရယ်သည် ချုန်းမင်ဧကရာဇ် ကိုပင် ကျော်၍ သူ့အား အပြစ်ပေးပစ်နိုင်စွမ်း ရှိပေသည်။
YOU ARE READING
ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး( Book - 2)
Historical Fictionအရင် accထဲဝင်မရတော့လို့ Book ခွဲလိုက်ပါပြီ 🙆 ဒါက အပိုင်း ၁ ကနေ ဖတ်လို့ရတဲ့ Linkပါ🖤 https://my.w.tt/7FVYRdnwfcb Book 2 Start Date - 16.12.2020 Book 2 End Date -