အပိုင်း (၈၂.၂) - ရက်စက်သော ပြိုင်ပွဲ

6.4K 598 26
                                    

[Unicode]

အပိုင်း (၈၂.၂) - ရက်စက်သော ပြိုင်ပွဲ

ဆိုင်တာဝန်ခံက ခဏမျှ တုန့်ဆိုင်းသွားသည်။

"ဟုတ်ကဲ့ "

ထို့နောက် သူက ကိုယ်ပိုင်အခန်း၏ တံခါးကို ညင်ညင်သာသာ တွန်းဖွင့်လိုက်လေ၏။ လှုပ်ရှားမှု က မကြီးမားလှသော်ငြား ဝင်သွားသည့်အခိုက်တွင်တော့ သေချာပေါက် သိသာထင်ရှားပေသည်။ သို့သော်လည်း သူတို့ အခန်းထဲ ဝင်လိုက်ချိန်တွင် မည်သူကမျှ ကြည့်မလာကြချေ။ လူတိုင်းက အသက်အောင့်ပြီး စားပွဲပေါ်သို့ ကြည့်နေကြသည်။  လေထုက တင်းမာနေပြီး ဖိအားများနေချေ၏။

အခန်းက ကြီးမားလှကာ ဒါဇင်မကသောလူများသည်လည်း အထဲ၌ ရှိနေပေသည်။

တာဝန်ခံက သူတို့ကို အခန်းထဲသို့ ခေါ်ဆောင်သွား၏။

အန်းကျီယန် က လက်ရှိ ကစားနေသော လူနှစ်ယောက်ကို ကြည့်လိုက်သည်။ တံခါးကို ကျောပေးထားသည့်သူမှာ အနည်းငယ် ဝသည့် သတ်လတ်ပိုင်းလူကြီး ဖြစ်သည်။ သူက ရွှေငွေရတနာများကို ဝတ်ဆင်ထားပြီး လတ်တလောမှ ချမ်းသာကြွယ်ဝလာသူနှင့် တူ၏။ ဤခဏတွင် သူ့၏ အမူအရာက သိပ်မကောင်းလှပေ။ ဖြူဖပ်ဖြူရော် နှင့် စိမ်းဖန့်နေလေပြီး နဖူးထက်ရှိ ချွေးအေးများကို လက်ဖြင့် သုတ်နေလေ၏။

သတ်လတ်ပိုင်းလူကြီး ၏ ဆန့်ကျင်ဘက်တွင်တော့ အသက်သုံးဆယ်ခန့်ရှိမည့် လူတစ်ဦး ရှိနေသည်။ သူ့မျက်နှာက အမူအရာ ကင်းမဲ့လှ၏။

ထိုလူ၏ ရှေ့တွင်တော့ အံစာတုံးတစ်စုံနှင့် အံစာခေါက်သည့်ခွက်တစ်ခွက် ရှိသည်။ ထို့အပြင် သူ့လက်ထဲ၌ ဒါဇင်ချီသော ဘဏ်စာရွက်များ ရှိနေ၏။ တစ်ခုချင်းစီ၏ တန်ကြေးက ငွေသားတစ်ထောင်ထက် မလျော့ပေ။ ငွေသားတစ်သောင်းတန် ဘဏ်စာရွက်ပင် ပါနေသေး၏။

တစ်ဖက်က သတ်လတ်ပိုင်းလူကြီး၏ ဘဏ်စာရွက် များမှာမူ ယှဉ်ကြည့်ရန်ပင် သနားစရာကောင်းလှသည်။ သူက အများအပြား ရှုံးနိမ့်ထားမှန်း သိသာထင်ရှားနေပေ၏။ သူ့၌ ချွေးအေးများ စီးကျနေသည်မှာ အံ့သြစရာ မရှိပေ။ သူက ထောင်ပေါင်းများစွာသော ငွေသားများကို မျက်တောင်တစ်ခတ်အတွင်း ဆုံးရှုံးသွားရ၏။ သာမန် ချမ်းသာကြွယ်ဝသော လုပ်ငန်းရှင်တစ်ဦးသည်ပင် ထိုကဲ့သို့သော ဆုံးရှုံးမှုမျိုးကို တောင့်ခံနိုင်လိမ့်မည်မဟုတ်ပေ။

ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး( Book - 2)Where stories live. Discover now