Unicode
အန်းခယ့်ရှင်း က ခန်းမဆောင် ထဲမှ ပြန်ထွက်လာပြီးနောက် သူမ၏ မူလသရုပ်ကို ထုတ်ဖော်လာလေသည်။
အစေခံများ၏ အကြည့်ကို လျစ်လျူရှု၍ သူမက ကျန်းပိကို ဆွဲကာ ကျောက်စိမ်းရေစင်ခြံဝန်း ဆီသို့ အလျင်စလို ပြန်ခေါ်သွား၏။
အိမ်တော်ထိန်းဆု တံခါးဝ၌ ရပ်လိုက်ချိန်တွင် ထိုသားအမိနှစ်ယောက် အလျင်စလို ထွက်သွားသည်ကို တွေ့လိုက်ရသည်။ သူက ခေါင်းကို လှည့်လိုက်ပြီး သူ့ရှေ့တွင် မတ်တပ်ရပ်နေသော အန်းကျီယန် ကို ပြောလိုက်သည်။
"သခင်လေး...တတိယကိုယ်လုပ်တော် က ဒုတိယသခင်မလေး ကို လင်းမိသားစုဆီ ဘယ်နည်းနဲ့မှ လက်ထပ်ခွင့်မပြုနိုင်ဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား။ ဘာလို့ ရုတ်တရက် သဘောထားပြောင်းလဲသွားရတာလဲ?"
အန်းကျီယန် က လူသွားလမ်းထက်မှ ပျောက်ကွယ်သွားသည့် သူတို့၏ နောက်ကျောကို ကြည့်နေလေသည်။ မေးခွန်းကို တိုက်ရိုက်ဖြေမည့်အစား သူက ပြန်မေးလိုက်သည်။
"ဘယ်အခြေအနေမှာ သူမရဲ့ သဘောထား ပြောင်းလဲသွားသလဲ?"
အိမ်တော်ထိန်းဆုက အနည်းငယ် တွေးတောလိုက်သည်။
"ကြည့်ရတာတော့ လင်းသခင်လေး တောင်းရမ်းပစ္စည်းတွေ လာပို့ပြီးမှ ထင်တယ်"
"ဒါက အဖြေပဲလေ"
အန်းကျီယန် လှည့်ထွက်ကာ စာကြည့်ခန်း သို့ သွားရန် ပြင်ဆင်လိုက်သည်။ သူက အန်းခယ့်ရှင်း၏ ခန်းဝင်ပစ္စည်းစာရင်း ကို မည်သို့ ရေးရမည်အား စဥ်းစားပြီးသွားပြီ ဖြစ်သည်။
တတိယကိုယ်လုပ်တော် သည် လင်းမိသားစု၏ ပစ္စည်းဥစ္စာများကို စိတ်ဝင်စားသွားကြောင်း အိမ်တော်ထိန်းဆု နားလည်သွားသည်။ ဤသည်မှာ ကောင်းသည်လော ဆိုးသည်လော ကိုမူကား သူ တကယ် မသိပါချေ။ သို့သော်လည်း သူက ထိုသားအမိနှစ်ယောက်ကို ထပ်မမြင်ချင်တော့သည်မို့ အလွန်အမင်း ပျော်ရွှင်နေလေသည်။ လင်းမိသားစုအတွက်ကမူ ဒုတိယသခင်မလေး သူတို့မိသားစုထဲသို့ ဝင်ရောက်လာက်ထပ်လိုက်သည်နှင့် ဤသည်မှာ သူတို့ မိသားစုကိစ္စသာ ဖြစ်ပေလိမ့်မည်။
![](https://img.wattpad.com/cover/251434670-288-k46236.jpg)
YOU ARE READING
ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး( Book - 2)
Historical Fictionအရင် accထဲဝင်မရတော့လို့ Book ခွဲလိုက်ပါပြီ 🙆 ဒါက အပိုင်း ၁ ကနေ ဖတ်လို့ရတဲ့ Linkပါ🖤 https://my.w.tt/7FVYRdnwfcb Book 2 Start Date - 16.12.2020 Book 2 End Date -