Unicode
ပေါက်စီလုံးလေး ကို အသနားခံခြင်းသည် လောင်ဝမ်ရယ့် ဘဝ၏ အကြီးမားဆုံး အမှား ဖြစ်သည်။
အကြောင်းမှာကား ပေါက်စီလုံးလေး က စကားမပြောနိုင်သောကြောင့် ဖြစ်သည်။ သူက လောင်ဝမ်ရယ် ကို ခွင့်လွှတ်ပေးချင်လျှင်ပင် သူက ထုတ်ပြောနိုင်လိမ့်မည်မဟုတ်ပေ။
အဆုံး၌ လောင်ဝမ်ရယ် သည် အပြစ်ပေးခံရဆဲသာ ဖြစ်သည်။ နှစ်လအတွင်း သူ့ကို မင်းသား၏ နန်းတော်ထဲမှ ထွက်ခွာခွင့်မပြုပေ။ ထို့ပြင် သူက ပေါက်စီလုံးလေး ကို လက်ဖျာလေးနှင့်ပင် တို့ခွင့်မရှိဘဲ ခေါင်းကို ပုတ်ရုံမျှကိုသော်မှ ခွင့်မပြုထားချေ။ အန်းကျီယန်က သူ့ညီလေးကို သိမ်းငှက်သဖွယ် ကြည့်လိုက်လေပြီး ပေါက်စီလုံးလေး နှင့် လောင်ဝမ်ရယ် တို့သည့် တစ်ချိန်တည်း တစ်နေရာတည်းတွင် ဘယ်တော့မှ အတူမရှိနေသင့်ဟု ဆုံးဖြတ်လိုက်လေသည်။
နောက်ရက်တွင် မင်းသား၏ နန်းတော်ထဲရှိ အစေခံအရေအတွက်သည် အနည်းငယ် လျှော့ချခံလိုက်ရ၏။
ဖူဝူထျန်း၏ အမိန့်အတိုင်း ဖူယိက အန်းကျီယန် ၏နောက်ကွယ်၌ အတင်းပြောသည့် ဒါဇက်မျှသော လူများကို ဖော်ထုတ်လိုက်လေသည်။ ထိုသူများအနက် ရှီမေ့လည်း ပါ၏။ သူမက အရင်တစ်ခေါက် ကောလဟာလ ကို ဖြန့်သည့်အတွက် ဖူဝူထျန်း အပြစ်ပေးခဲ့သူ ဖြစ်သည်။ သူက သူမကို အဆင့်မြင့်အစေခံ အဖြစ်မှ အဆင့်နိမ့်အစေခံ အဖြစ်သို့ ရာထူးလျှော့ချပြီး အိမ်သာများကို ဆေးစေခဲ့သည်။
နောက်ပိုင်းတွင်လည်း ရှီမေ့က သူမ၏ လျှာကို မစောင့်ထိန်းနေဆဲ ဖြစ်သည်။ ထိုအစား သူမက ဘုန်းကြီးကျောင်းသို့ မကြာခဏ သွားကာ အန်းကျီယန်ကို ကျိန်ဆဲနေတတ်သည်။ အချို့အစေခံများက သူမနားမှ ဖြတ်သွားချိန်၌ မတော်တဆ ကြားမိခြင်းကြောင့်သာ မဟုတ်လျှင် မည်သူမှ သိမည်မဟုတ်ပေ။
ထိုဖြစ်ရပ်အပြီးတွင် မင်းသား၏နန်းတော်ရှိ ကျန်ရှိသော အစေခံများသည် တိတ်ဆိတ်သွားကြပြီး အလဟဿ အတင်းမပြောသင့်ကြောင်း သိသွားကြသည်။
သူတို့က အန်းကျီယန်ကို အထင်မသေးရဲကြတော့ဘဲ သူ့ကို အင်ပါယာ ဖူနန်းတော်၏ တတိယ သခင်အဖြစ် လုံးဝ မှတ်ယူလိုက်ကြလေသည်။ သူတို့က သူ့ကို ဖူဝူထျန်း နှင့် ဖူလောင်ဝမ်ရယ် ကဲ့သို့ လေးလေးစားစား ဆက်ဆံလာကြ၏။
YOU ARE READING
ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး( Book - 2)
Historical Fictionအရင် accထဲဝင်မရတော့လို့ Book ခွဲလိုက်ပါပြီ 🙆 ဒါက အပိုင်း ၁ ကနေ ဖတ်လို့ရတဲ့ Linkပါ🖤 https://my.w.tt/7FVYRdnwfcb Book 2 Start Date - 16.12.2020 Book 2 End Date -