အပိုင်း (၈၁.၂) - လောင်းကစားရုံ

2.7K 513 5
                                    

Unicode

အပိုင်း (၈၁.၂) - လောင်းကစားရုံ

မိန်းမပျို၌ လှပသော မျက်နှာလေး ရှိပေသည်။ သူမ၏ အလှကို အမှတ်ပေးရမည်ဆိုလျှင် အမှတ်ရှစ်ဆယ်ထိ ရရှိနိုင်၏။ သူမက ပြိုင်ပွဲဝင်များထဲတွင် အလှပဆုံး မဟုတ်သလို မျက်စိကျိန်းလောက်သည်ထိ တောက်ပမနေသော်ငြား အခြားနေရာများ၌ဆိုပါက သူမကို အလှပဂေးတစ်ယောက်ဟု သတ်မှတ်၍ရပေသည်။

ထိုအချိန်တွင် မိန်းမပျိုက အမျိုးသားကို ဆောင့်ဆွဲပစ်လိုက်၏။ သူမ၏ အကြည့်က ရက်စက်ကြမ်းကြုတ်နေလေပြီး အမျိုးသားကို ကြမ်းကြမ်းတမ်းတမ်း ပြောလိုက်လေသည်။

"အစ်ကိုကြီး...ငွေ ဘယ်မှာလဲ?အစ်ကို ကျွန်မအတွက် ငွေရော ပြင်ဆင်ပေးထားရဲ့လား?"

အမျိုးသား၏ မျက်နှာက ယုံကြည်မှု ကင်းမဲ့နေပြီး လုံးလုံးလျားလျား ဆန္ဒမရှိဟန်ကို ရှင်းရှင်းလင်းလင်း ဖော်ပြနေပေသည်။

မိန်းပပျိုက သူ့ကို အားအပြည့်နှင့် နှစ်ကြိမ်တိုင်တိုင် ဆောင့်ဆွဲလာ၏။

"ညီမကို အမှန်အတိုင်း ပြောပါ။ မဟုတ်ဘူးဆိုရင် ညီမ ချမ်းသာကြွယ်ဝပြီး အဆင့်အတန်း မြင့်သွားတဲ့ အခါကျရင် ညီမဆီက ဘာအကျိုးအမြတ်မှ ရလိမ့်မယ် လို့ မစဥ်းစားနဲ့"

"မလုပ်...မလုပ်ပါနဲ့၊ မလုပ်ပါနဲ့ကွာ"

အမျိုးသားက ရုတ်တရတ်ဆိုသလို စိတ်လှုပ်ရှားစိုးရိမ်လာလေသည်။

“ဒါဆိုရင် ညီမကို ငွေသားငါးဆယ်ပေးလေ"

မိန်းမပျို က သူမလက်ကို အမျိုးသားဆီသို့ ဖြန့်လိုက်၏။ သူမ၏ အမူအရာက တကယ့်ကို စိတ်မရှည်ဟန်ပေါက်နေလေသည်။ သို့သော် ထိုခဏ၌ သူမ၏အမူအရာက အလွန်အမင်း ယုတ်မာကောက်ကျစ်ဟန် ပေါ်လာလေ၏။

အမျိုးသားက တုန့်ဆိုင်းတွေဝေစွာ ပြောလာသည်။

“မရှိ...မရှိဘူး..."

မိန်းမပျို၏ မျက်လုံးက ပြူးကျယ်သွားတော့သည်။

"ဘယ်လိုလုပ်ပြီး အစ်ကို့မှာ ငွေ မရှိရတာလဲ?မနေ့တုန်းက အပြင်ထွက်ပြီးတော့ ညီမအတွက် ငွေသားငါးဆယ် ရှာပေးပါ့မယ်လို့ အစ်ကို မပြောခဲ့ဘူးလား?ငွေသားငါးဆယ် ရှိမှ ညီမက မေးရန်လော်ရဲ့ ကိုယ်လုပ်တော်ရွေးချယ်ပွဲ ကို ဝင်ပြိုင်နိုင်မှာလေ။ အခု ပြိုင်ပွဲ စကာနီးမှ အစ်ကို့မှာ ပိုက်ဆံမရှိဘူးလို့ အစ်ကိုက ညီမကို လာပြောနေတာလား?"

ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး( Book - 2)Where stories live. Discover now