Unicode
အန်းကျီယန် သူ့ ခေါင်းကို လှည့်ပြီး ဖူဝူထျန်း ကို ကြည့်လိုက်၏။ သို့သော်လည်း သူ ဖူဝူထျန်း မျက်နှာကို ကြည့်လိုက်ချိန်၌ ထိုလူက အိပ်ပျော်နေလေပြီ။ အန်းကျီယန် ကြောင်အသွားရ၏။ ဖူဝူထျန်း သည်လည်း သူ့ကဲ့သို့ ဝိုင်ခွက်ရေ နည်းနည်း သောက်ခဲ့သည်သာပင်။ ဝိုင်မှာသာ ပြဿနာတစ်ခုခု ရှိနေပါက ဖူဝူထျန်း အဆင်ပြေမနေနိုင်ပါပေ။
ဖူဝူထျန်း က သူ့အပေါ်ရောက်နေသည့်အကြည့်ကို ခံစားမိသည်မို့ မျက်လုံးဖွင့်လိုက်ချိန်တွင် အန်းကျီယန်၏ ထိတ်လန့်နေသော မျက်နှာကို တွေ့လိုက်ရလေ၏။
"ဘာဖြစ်လို့လဲ? "
အန်းကျီယန် က သူ့ခေါင်းကို ပြန်လှည့်သွားသည်။
"ဘာမဟုတ်ဘူး!"
သူက ဝိုင်ထဲ၌ ပြဿနာ ရှိနေကြောင်း သေချာနေပါသော်ငြား လက်ဆုပ်လက်ကိုင်ပြစရာ မရှိပေ။ ဆေးမှာ ဝိုင်ထဲတွင် အစောကတည်းက ရှိနေပါလျှင် ဖူဝူထျန်း ဝိုင်ထည့်လိုက်ချိန်တွင် သတိထားမိပေလိမ့်မည်။ သူ့ကိုယ်ထဲမှ နတ်ဆိုးမီးလျှံမှာ အတွေးစများဆီသို့ပင် လောင်ကျွမ်းလာချေပြီ။ ယင်းမှာ သူ့ခြေထောက်များဆီသို့ ဖြည်းဖြည်းချင်း ပျံ့နှံ့သွားလေသည်။ ပူလောင်မှုက သူ့ကို ဖရိုဖရဲအတွေးစများ ဝင်ရောက်လာစေ၏။ သူက သူ့ခြေထောက်များကို ညှပ်ပိတ်ထားလိုက်တော့သည်။
အန်းကျီယန်၏ မူလ ခံနိုင်ရည်အားမှာ အလွန်ပင် ကောင်းမွန်လှသည်။ သို့သော် သူ ခံနိုင်ရည် ဘယ်လောက်ရှိနေပါစေ ၊ ကွဲပြားသည့် ခန္ဓာကိုယ် ထဲတွင်တော့ အကျိုးသက်ရောက်မှုတစ်ခု ရှိနေပေသည်။ သူ့ကိုယ်ထဲရှိ ခြောက်သွေ့သွေ့ မီးတောက်မှာ ကာမအားတိုးဆေးအစွမ်းကြောင့် ထိန်းချုပ်ခြင်းငှာ မစွမ်းသာပေ။
သူ့၏ အရင်ခန္ဓာကိုယ်၌သာ ဆိုပါက ဤပူလောင်ပြင်းပြမှုကို စိတ်ခွန်အားသက်သက်ဖြင့် ချုပ်တည်းထားနိုင်ပါ၏။ သို့သော် ယခုအခါတွင် ဤခန္ဓာကိုယ်က ငယ်ရွယ်နေသေးပြီး တုန့်ပြန်လွယ်နေသည်။ သူက သုံး လေးလထိ လေ့ကျင့်ခဲ့ပြီး ဖြစ်ကာ ယင်းကို ပြောင်းလဲပစ်ဖို့တော့ ခက်ခဲနေသေး၏။ အသားကို အနည်းငယ် ပွတ်တိုက်မိသွားရုံနှင့် စိတ်လှုပ်ရှားထကြွမှုက နှစ်ဆင့်ပေါ် သုံးဆင့်ထပ်လာတော့သည်။
![](https://img.wattpad.com/cover/251434670-288-k46236.jpg)
YOU ARE READING
ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး( Book - 2)
Historical Fictionအရင် accထဲဝင်မရတော့လို့ Book ခွဲလိုက်ပါပြီ 🙆 ဒါက အပိုင်း ၁ ကနေ ဖတ်လို့ရတဲ့ Linkပါ🖤 https://my.w.tt/7FVYRdnwfcb Book 2 Start Date - 16.12.2020 Book 2 End Date -