နှုတ်ဆတ်ခဲ့ပါတယ် Class B-II.< 1st year >
အချိန်တွေဟာ အကုန်မြန်ပါတယ်
တစ်ရက်ချင်း တစ်လချင်း တစ်နှစ်ချင်းကိုကိုက သူ့အဆောင်ကိုပြန်အပ်လိုက်ပြီး ကျွန်တော်နဲ့အတူ
အသွားအပြန် လုပ်တယ် ...အိပ်ရာထပျင်းတဲ့ ကိုကို့ကြောင့် မနက်တိုင်း နေရာရတာရှားပြီး အမြဲမတ်တပ်စီးရတာလေးကတော့ တစ်ချက်ပေါ့လေ ~
"ဝမ် ဘာလုပ်တာလဲ "
သူ့လက်ချောင်းတွေကြားထဲက ဆေးလိပ်ကို ဆွဲယူသွားတဲ့ ကျွန်တော့်ကို ကိုကိုက နားမလည်သလိုကြည့်တယ် ...
"ဘာလဲ . . ကျွန်တော်လည်း သောက်မလို့ပေါ့"
ခပ်တည်တည်နဲ့ ဒီလိုပြောတော့ ကိုကိုက မျက်နှာပျက်သွားတယ် ။ ဖြစ်ပျက်သွားတဲ့မျက်နှာကို ကြည့်ပြီးရယ်ချင်တာ တအား...ခွိ!
ကျွန်တော့်လက်ထဲက ဆေးလိပ်ကိုပြန်ယူသွားပြီးး ဘေးက အမှိုက်ပုံးထဲ ထည့်လိုက်တယ်။ ပြီးတော့...
"မသောက်နဲ့ . . မကောင်းဘူး" တဲ့ ...
"ဘာလို့လဲ ကိုကိုကျ ဆေးလိပ် လက်ကမချဘဲနဲ့"
"အဲ့လိုလက်ကမချနိုင်အောင် စွဲတတ်လို့ ပြောတာပေါ့"
"ဒါဆို ကိုကိုလည်းမသောက်နဲ့လေ"
" . . . "
အကြည့်တစ်ချက်ဝေ့လာပြီး အကြပ်ရိုက်နေတဲ့ ကိုကို့ဆီက စကားပြန်မရဘူး .
"လုံးဝဖြတ်ခိုင်းတာမဟုတ်ဘူးလေ .. နည်းနည်းချင်းလျှော့သောက်ရင်တော့ နောက် တဖြေးဖြေးဆေးလိပ်ပြတ်သွားမှာဘဲကို"
" . . . "
"ကိုကိုက လိမ္မာပါတယ်ဗျာ ... မကောင်းတာကိုသိရက်သားနဲ့"
ကျွန်တော် ဘေးကနေ နားပူနားဆာလုပ်တာကို မခံနိုင်တော့တဲ့ ကိုကိုက စုတ်တစ်ချက်သတ်တယ်
"ကျစ် ..အေးကွာ"
ဆေးလိပ်ဗူး လက်ထဲထည့်ပေးလာတဲ့ ကိုကိုက သိပ်တော့မကျေနပ်ချင်ဘူး ... ဇိုးဇိုးဇက်ဇက်နဲ့ထွက်သွားတယ်။
ဒီလိုအတင်းအကြပ်မလုပ်ရင် မလုပ်ရဘူး
ဆေးလိပ်ကိုခုံခုံမင်မင်စွဲသောက်လာတဲ့ ကိုကို့နှုတ်ခမ်းတွေက အညိုရောင်သန်းနေပြီ ..
YOU ARE READING
Page Fifteen
Fanfictionပုန်းကွယ်နေတဲ့ကြောင်လေးတွေက ပိုရှာရခက်တယ် ပုန်းကွယ်နေတဲ့ကြောင်လေးတွေက ပိုရှာရခက်တယ် Yizhan