ဝှားး ~~စိတ်မပါလက်မပါ သန်းရင်း မျက်မှန်ကို ချွတ်ကာ စားပွဲပေါ်ခေါင်းမှောက်ချလိုက်တယ်။ ကျောင်းတက်ပြီးလို့ စာသင်ချိန်နှစ်ချိန်ပြီးတဲ့ထိ အကို့ကို မတွေ့ရသေး...
crushမရှိတဲ့ ကျောင်းတော်ကြီးက ဆားမပါတဲ့ပေါ့ပျက်ပျက်ဟင်း ၊ အနှစ်မပါတဲ့ကြက်ဥပြုတ် ၊ လူသူကင်းမဲ့တဲ့ သဲကန္တာရလိုဘဲ မွဲခြောက်ခြောက်နဲ့ ...
နေမပျော်တော့ဘူး...
"မြင်ရတဲ့သူတောင် စိတ်မချမ်းမသာရှိလိုက်တာကွာ"
ရှေ့ခုံကနေ မှောက်ချအိပ်နေတဲ့ ကျွန်တော့်ဘက်ကို လှည့်ပြီး Rutoက ရွဲ့တဲ့တဲ့ဆိုနေပေမယ့် ကျွန်တော် ပြန်ဆဲချင်စိတ်မရှိဘူး။ ဘာဆိုဘာမှမလုပ်ချင်ဘဲ အိမ်ကိုဘဲပြန်ပြီး အခန်းထဲထိုးအိပ်နေချင်တော့တယ်။
"ကျောင်းတစ်ရက်လေးပျက်တာ ဘာဖြစ်လဲ သူတို့အတန်းကြီးတွေက စာမေးပွဲနီးနေပြီ နောက်ပိုင်းရက်တွေဆို ကျောင်းတောင်လာတော့မှာမဟုတ်ဘူး အိမ်မှာဘဲ တက္ကသိုလ်ဝင်ခွင့််စာမေးပွဲအတွက် အမှတ်ကောင်းအောင် စာလုပ်ကြတော့မှာ"
Sahiကလဲ မနေနိုင်တော့သလို ဘေးခုံကနေ ကျွန်တော့်ကိုလှမ်းပြောတယ်...
ဂရုမစိုက်ဘူး... အကို့ကိုဘဲတွေ့ချင်တာ!!!
အဖက်မလုပ်တဲ့ ကျွန်တော့်ကို Sahiက အုန်းခနဲ ကျောကို ရိုက်ချလိုက်တယ်..
"ဒီစောက်...ေ..ခွ.း.."
ကော့တက်သွားတဲ့ ကျောကို လက်နောက်ပြန်သပ်ချရင်း လှမ်းဆဲတဲ့ ကျွန်တော့်အသံက အတန်းထဲ ဆရာဝင်လာလို့ လေထဲမှာ တစ်ဝက်တစ်ပျက်နဲ့ ပျောက်ကွယ်သွားရတယ်။
Rutoကတော့ ပါးစပ်ကလေးပိတ်ကာ ကြိတ်ရယ်ရင်း ရှေ့ပြန်လှည့်သွားတယ်။
"ဟစ် ဟစ်"
သင်္ချာဆရာကို နှုတ်ဆတ်ဖို့ မတ်တပ်ရပ်ထားပေမယ့်
ကျွန်တော့်ဘက်ကိုလှည့်ပြီး တစ်ဟစ်ဟစ်နဲ့ ရယ်နေတဲ့ Sahiကို ဆရာ မမြင်အောင် လက်ခလယ်ထောင်ပြလိုက်ပါတယ်။___
"ရိပေါ် ဘာလုပ်နေတာလဲ လာလေ"
"ငါမလိုက်တော့ဘူး မင်းတို့ဘဲသွားကြ"
YOU ARE READING
Page Fifteen
Fanfictionပုန်းကွယ်နေတဲ့ကြောင်လေးတွေက ပိုရှာရခက်တယ် ပုန်းကွယ်နေတဲ့ကြောင်လေးတွေက ပိုရှာရခက်တယ် Yizhan