အချိန်နာရီတွေဟာ တတိတိတိုက်စားသွားတယ်။
ဒီကြားထဲ အဖိုးဆုံးတယ် ၊ ပြီးတော့ ကျွန်တော်က အထက်တန်းနောက်ဆုံးနှစ် ကျောင်းသားဖြစ်သွားတယ်။ထင်ထားတဲ့အတိုင်းဘဲ ပွဲတော်နေ့က အကိုနဲ့တွေ့ရတာ နောက်ဆုံးဘဲ ~ အဲ့နောက်ပိုင်း ကျွန်တော်တို့အတန်းတင် စာမေးပွဲဖြေရတယ်။ ကျောင်းတွေပိတ်သွားတယ် ။ အကိုတို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေဖြေကြတယ်။
အကိုဟာ ကျွန်တော်ရှိတဲ့ အထက်တန်းကျောင်းလေးကို နှုတ်ဆတ်သွားခဲ့ပြီ ~
/
ဆောင်းဝင်ခါစမို့ နှင်းမကျသေးပေမယ့် ဆောင်းလေအေးတွေရဲ့ အထိအတွေ့ကိုတော့ ခံစားလို့ရနေပြီ။
ဖြတ်တိုက်သွားတဲ့ လေအေးဒဏ်ကြောင့် ကျွန်တော် နှာတစ်ချက် ရှုံ့မိတယ်။
ဒီနေ့ အိမ်ကထွက်လာတာ စောတာမို့ စာအုပ်အဟောင်းဆိုင်လေးဘက်က ပတ်ပြီးကျောင်းကိုသွားဖြစ်တယ်။ မနက်အစောမို့ သော့ခတ်ထားဆဲဖြစ်တဲ့ ဆိုင်ရှေ့ ကျွန်တော့်ခြေအစုံက ရပ်တန့်သွားတယ်။
တစ်ယောက်တည်း လမ်းလျှောက်ရမှာပျင်းလို့ ဆိုင်အဝမှာ ကျောမှီလို့ရပ်စောင့်နေတဲ့ အကို့ပုံရိပ်က ပြန်ပေါ်လာတယ်။
ဒီလမ်းတွေ ... အကိုနဲ့အတူ စကားတပြောပြောနဲ့ တစ်ခါလျှောက်ခဲ့ဖူးတယ် ~
နေလို့မဖြစ်လောက်ဘူးလို့ထင်ထားခဲ့ပေမယ့် နေ့ရက်တွေဟာ ပုံမှန်လည်ပတ်ပါတယ် .
ကျွန်တော် အဆင်ပြေနေပါတယ် ~
တိုက်ဆိုင်မှုတွေနဲ့ကြုံတိုင်း သတိရတတ်တာက လွဲရင်ပေါ့လေ ~
ထွေထွေထူးထူး ဆက်ဆံရေး မရှိခဲ့တဲ့ အကိုနဲ့ကျွန်တော့်ကြားမှာ သတိတရ ဆက်သွယ်ရလောက်အောင်ထိ အကြောင်းရေရေရာရာ မရှိဘူး။
အသက် ( ၁၆ ) နှစ်အရွယ် ကျွန်တော့်မှာ အကိုနဲ့ပတ်သတ်ပြီး ပိုင်ဆိုင်ထားရတာဆိုလို့ အကို့ကျောင်းသားဓာတ်ပုံလေးတစ်ပုံဘဲရှိတယ် ။
အခွင့်ရှိမယ်ဆို အကို့ဆီ ဒီလိုစာလေးတစ်စောင်တော့ ပို့ချင်မိတယ်
( သို့/အကို
ရင်နဲ့မဆံ့အောင်လွမ်းနေမိပါတယ် )
YOU ARE READING
Page Fifteen
Fanfictionပုန်းကွယ်နေတဲ့ကြောင်လေးတွေက ပိုရှာရခက်တယ် ပုန်းကွယ်နေတဲ့ကြောင်လေးတွေက ပိုရှာရခက်တယ် Yizhan