ဝတ်မယ့်အကျီရွေးနေတုန်း ကျောင်းအကျီဆီအကြည့်ရောက်သွားတော့ ကျွန်တော့်စိတ်အာရုဏ်တို့ကို စိုးမိုးနိုင်သူက ခေါင်းထဲအပြေးဝင်ရောက်လာပြန်တယ်။
'လမ်းမှာဂရုစိုက် ဝမ်'
"ကျစ် ကိုကိုအခုလောက်ဆို ကျောင်းသွားနေတဲ့လမ်းမှာများလား"
"နိုးရောနိုးပါ့မလား...အရင်လိုအစောကြီး လာနှိုးမယ့်သူမရှိတော့ အခွင့်ကောင်းယူပြီးအတိုးချနှပ်နေမှာဘဲ"
တစ်ယောက်တည်းပွစိပွစိနဲ့ရေရွတ်နေမိတဲ့ကျွန်တော့်ကိုယ်ကျွန်တော် သတိထားမိသွားတဲ့တချိန်တည်းမှာဘဲ နားငြီးတယ်ကွာဆိုပြီး ရှုံ့နေမယ့်ကိုကို့ရုပ်ကိုပါမြင်ယောင်လာသည်။
တကယ်တကယ် သူ့စိတ်ကျ ဖြစ်သလိုဗရုတ်ကျကျနေလာခဲ့တဲ့ကိုကိုက ကျွန်တော်နဲ့သိလာပြီးတဲ့နောက်ပိုင်းမှ တော်တော်လေးနားပူနားဆာဒဏ်ကိုခံခဲ့ရမှာ... ဟဟားး
ကျွန်တော် သည်အကျင့်ကို ဘယ်ကရခဲ့သလဲဆို ရှည်ရှည်ဝေးဝေးပြေးကြည့်စရာမလို ငယ်ငယ်ကဆိုအဖွားအိမ်မှာသာအနေများခဲ့သည်မဟုတ်လား..
ကိုကိုပြောဖူးတဲ့စကားတခွန်းကို မှတ်မိနေတုန်းဘဲ
'မင်းရဲ့ တခုခုဆိုရှည်ရှည်ဝေးဝေးတွေးမနေဘဲ တစ်ခါလောက်စိတ်ကိုလွှတ်ထားပြီး ဖြစ်ချင်ရာဖြစ်လုပ်ကြည့်ပါလား'ကျွန်တော်လေအဲ့ချိန်တုန်းက 'ကျွန်တော့်မှာအဲ့လိုစိတ်မျိုးသာရှိရင် ကိုကိုနဲ့ဒီထပ်ပိုပြီးနီးစပ်အောင် ကြိုးစားမိမှာ'လို့ပြန်ပြောချင်ခဲ့တာ ကိုကိုမသိဘူးမလား—-
"ရိပေါ် မပြီးသေးဘူးလား... ဆင်းခဲ့တော့လေ"
အောက်ထပ်က လှမ်းအော်တဲ့မေမေ့ကို ဟူဒီတစ်ထည်အမြန်စွတ်ချရင်း အသံပြန်ပေးရသည်။
"လာပြီ~"
စားပွဲပေါ်တင်ထားတဲ့ ကင်မရာကိုလည်းယူဖို့မမေ့မလျော့ဘဲ...
ဒီနေ့ ဖေဖေအပါအဝင်တစ်အိမ်လုံး ပင်လယ်ဘက်ကို နေ့ချင်းပြန်ခရီးတိုလေးသွားဖို့စီစဉ်ထားကြသည်။ သိပ်မလိုက်ချင်ပေမယ့် ရှားရှားပါးပါးဖေဖေအားတဲ့ရက်မလို့ ကောက်ခါငင်ခါဘဲ ဒီအစီအစဉ်ဖြစ်လာခဲ့တာပင်။
YOU ARE READING
Page Fifteen
Fanfictionပုန်းကွယ်နေတဲ့ကြောင်လေးတွေက ပိုရှာရခက်တယ် ပုန်းကွယ်နေတဲ့ကြောင်လေးတွေက ပိုရှာရခက်တယ် Yizhan