9 [ U ]

286 45 2
                                    

"ဘာကြီး? ဟားဟားး... ကိုကို ဘာတွေပြောနေတာလဲ"

ကိုကို့ရဲ့ ဘာသာစကားမကျွမ်းကျင်မှုကြောင့် ကျွန်တော့်မှာ ရယ်ရတာ မျက်ရည်ထွက်မတတ်ဘဲ ..

"ဘာလဲ...ငါ ပြောတာ ဘာမှားလို့လဲ"

ကိုကိုက သူမှားသွားပြီမှန်းတော့ သူသိတယ်
ရုပ်က ပြုံးစိစိနဲ့ ...

ရှက်သွားတဲ့ ကိုကိုက ရယ်နေတဲ့ကျွန်တော့်လက်မောင်းကို ခပ်နာနာလေး တစ်ချက်လှမ်းရိုက်ဖို့လည်း မမေ့ဘူး ..

ကိုကိုက တရုတ်စကားကို လည်လည်ဝယ်ဝယ်မပြောနိုင်ဘူး။
ကိုကို့မေမေပြောသမျှ ကြားဖူးနားဝ လိုက်မှတ်ရင်း ထမင်းစားရေသောက်ပြောတတ်လာတာတဲ့ ..

ဝါကျပြောက်သောက်နဲ့ ကပေါက်တိကပေါက်ချာဖြစ်နေတဲ့ ကိုကို့ရဲ့တရုတ်စကားက ကျွန်တော်တို့နှစ်ယောက်ကြား ရယ်စရာလုပ်စရာတစ်ခုဖြစ်လာခဲ့တယ်။

"တော်ပြီ လုံလောက်ပြီ ... မရယ်နဲ့တော့"

"အင်းပါ ဘယ်မှာရယ်နေလို့လဲ .. ခွိ"

တခွိခွိလုပ်နေတဲ့ ကျွန်တော့်ကိုမစောင့်ဘဲ ကိုကိုက ခြေလှမ်းအကျဲကြီးတွေနဲ့ ဇိုးဇိုးဇောက်ဇောက်နဲ့ စာရေးကိရိယာဆိုင်ထဲ ဝင်သွားပါတယ်။

ကောက်သွားတဲ့ ကိုကို့ဘေး ကပ်ရပ်ပြီး ကိုကို့အပြုအမူတစ်ခုစီတိုင်းကို ကျွန်တော်က လိုက်တုရင်း စတယ်။

ကိုကို ရပ်ရင် ကျွန်တော်လိုက်ရပ်တယ်။
ကိုကို စာအုပ်တစ်အုပ်ကိုကောက်ကိုင်လိုက်ရင် ကျွန်တော်လည်း တစ်အုပ်ကောက်ယူပြီး ကြည့်တယ်။

သူ အကြိုက်မတွေ့တော့ ခေါင်းတခါခါလုပ်ရင်း နေရာမှာပြန်ချတယ်။ ကျွန်တော်လည်း ကိုကို့ပုံစံအတိုင်း တစ်ထေရာတည်း
လိုက်လုပ်တော့ ...

"ငါ့တိုင်း လိုက်လုပ်မနေနဲ့"

"ငါ့တိုင်း လိုက်လုပ်မနေနဲ့"

ကျွန်တော်က တစ်စက္ကန့်မခြားစေဘဲ ကိုကို့စကားအတိုင်း အမြန်လိုက်ပြောတော့

ရုပ်တည်ကြီးနဲ့ကိုကိုက နည်းနည်းပြုံးတုံ့တုံ့ဖြစ်လာပြီ ..

Page FifteenWhere stories live. Discover now