" ခွီးး!! ရိပေါ်ရာ အဲ့တာဘာကေလဲ"
ကျွန်တော့် ထိုးထိုးထောင်ထောင်ဆံပင်ကေကို ကြည့်ပြီး
Rutoတို့က ခွက်ထိုးခွက်လန် ရယ်ပါတယ်။စိတ်ထဲဘယ်လိုမှမနေပါဘူး
အကိုနဲ့ဆင်တူ ဆိုတဲ့အသိနဲ့တင် ကျွန်တော်ဟာ ခပ်ပြုံးပြုံးလေးပါဘဲ ..."ကြွက်ကိုက်ကေ အတိုင်းဘဲ ... ကြည့်ရအောင်"
ခေါင်းနား လှမ်းလာတဲ့ Sahiလက်ကို ကျွန်တော် ပုတ်ချလိုက်တယ်။ ရာရာစစ...!
"မထိနဲ့ ..!"
Sahiက 'ဘာလဲဟ' ဆိုပြီး မျက်နှာမဲ့တယ်။
ပွစိပွစိလုပ်နေတဲ့ နှစ်ကောင်ကို လျစ်လျူရှုလိုက်ပြီး လုပ်လက်စဖြစ်တဲ့ ထောင့်ချွန်ကိုဘဲ ပြန်ကိုင်လိုက်တယ်။
တဖြေးဖြေးအလုံးအထည်ပေါ်လာတဲ့ စာလုံးပေါ်က သစ်သားအမှုန်စတွေကို လေနဲ့မှုတ်ထုတ်လိုက်တဲ့အခါ စာရေးခုံ ထောက်တိုင်မှာ ထွင်းထားတဲ့စာလုံးက ရှင်းရှင်းလင်းလင်းပေါ်လာပါတယ်...
' 战 '
__
နေ့လည်ထမင်းစားချိန် ရေဗူးထဲ ရေသွားထည့်ပြီး ပြန်လာတော့ အကိုက ကျွန်တော်တို့အခန်းရှေ့ ကော်ရစ်တာကိုမှီရပ်လို့နေတယ်။ နားကြပ်လည်းတပ်ထားတယ်ဆိုတော့ သီချင်းနားထောင်နေပုံ ....
တစ်ချက်သန်းဝေရင်း ကျွန်တော် ရပ်နေတဲ့ဘက် ခေါင်းလှည့်လာတော့ ထုံးစံအတိုင်းဘဲ မေးငေါ့ ၊ ပြုံးပြရင်း နှုတ်ဆတ်လာပါတယ်။
ကျွန်တော် အကို့နား လျှောက်သွားလိုက်ပြီး ဘေးသွားရပ်လိုက်တော့ အကိုက နားထဲက နားကြပ်တစ်ဖက်ကိုဖြုတ်လိုက်တယ်။
" ဘယ်သူ့ဆီလာတာလဲ .. အကို"
အခန်းထဲ အကြည့်ဝဲပြီး အမေးရှိတဲ့ ကျွန်တော့်ကို အကိုက နှုတ်ခမ်းကို ခပ်ရွဲ့ရွဲ့လုပ်ရင်း မလှမ်းမကမ်းက တစ်နေရာကို ညွှန်ပြတယ်။
အကို ပြတဲ့နေရာကို လှမ်းကြည့်တော့ အကို့သူငယ်ချင်းတစ်ယောက်နဲ့ ကျွန်တော်တို့အတန်းထဲက မိန်းကလေးတစ်ယောက် ရှက်ကိုးရှက်ကန်းဟန်နဲ့ စကားပြောနေကြတာ တွေ့တယ် ...
YOU ARE READING
Page Fifteen
Fanfictionပုန်းကွယ်နေတဲ့ကြောင်လေးတွေက ပိုရှာရခက်တယ် ပုန်းကွယ်နေတဲ့ကြောင်လေးတွေက ပိုရှာရခက်တယ် Yizhan