'မင်းဖြည့်မှဖြစ်မယ့် ကိုယ့်ရင်ထဲကကွက်လပ်'
'အချစ်ရေ မင်းကဘယ်မှာ~~'
ဖွင့်ထားမိတဲ့ ရေဒီယိုကနေထုတ်လွှင့်နေတဲ့သီချင်းဟောင်းတစ်ပုဒ်
ခံစာချက်တွေတိုက်ဆိုင်ချိန်တိုင်း ပါးစပ်ကနေလိုက်ညည်းနေမိတဲ့ သီချင်းစာကြောင်း တစ်ကြောင်း နှစ်ကြောင်း ..ဟူး~~..
ဘယ်နှစ်ကြိမ်မြောက်မှန်းမသိဘူး ရင်ထဲကအပူတွေကို သက်ပြင်းတွေအဖြစ်လွှတ်ချနေမိတာ
အဲ့နေ့ညက အပြန်မှာ ကိုကိုစီးကရက်တွေပြန်သောက်ခဲ့တယ်။ နဘေးမှာ တိတ်တဆိတ်ရှိနေခဲ့တဲ့ကျွန်တော့်ကိုတောင် တစုံတရာအကြောင်းမပြနိုင်အား။ စိတ်တွေရှုပ်ထွေးနေလွန်းခဲ့တယ်ဆိုတာ ကိုကို့မျက်နှာပေါ်မှာအထင်းသားဘဲ..ကျွန်တော်ကလား ....အင်းး...ကျွန်တော်ကဘာတတ်နိုင်မှာတဲ့လဲ?
ဒီဇာတ်လမ်းမှာ အပိုလူသပ်သပ်ဖြစ်နေခဲ့တဲ့ကျွန်တော်ကလေ...အလိုက်တသိဘဲ နောက်တော့ကိုကိုပြောပြလာမှာပါလို့ စိုးရိမ်စိတ်တွေ ၊ဒေါသစိတ်တွေရောပြွန်းနေတဲ့ကိုယ့်စိတ်ကိုယ်ဖြေရင်းဘဲ ငြိမ်နေခဲ့ရတဲ့ကျွန်တော့်အဖြစ် .....ဟက်...
ဒီတောက်လျောက်လုံး ကျွန်တော်ဟာ ကိုကိုနဲ့အနီးဆုံးလူအဖြစ်ရှိနေခဲ့တယ်ဆိုတဲ့အတွေးက မှားယွင်းခဲ့ပုံဘဲ
နောက်နေ့ကျ ကိုကိုကျောင်းမလာဘူး
ကိုကို့အိမ်လိုက်သွားတော့ ကိုကို့အမေနဲ့ဘဲတွေ့ရတယ်။ ကိုကိုနေမကောင်းလို့ကျောင်းမတက်နိုင်ဘူးတဲ့။
လှေကားထစ်တွေအဆုံးမှာရှိနေမယ့် ကိုကို့အခန်းဆီငေးကြည့်နေတဲ့ကျွန်တော့်ကို ကိုကို့အမေဟာလည်းဖိတ်မခေါ်ခဲ့သလို ကျွန်တော်ကလည်းခွင့်မတောင်းခဲ့ဘူး...တခြားလူတစ်ယောကက်ကြောင့် ကျွန်တော်ချစ်တဲ့သူ လဲပြိုနေတဲ့ မြင်ကွင်းကို ကျွန်တော်တကယ်မမြင်ချင်ဘူး.
"ကျွန်တော်ပြန်ပါဦးမယ် အန်တီ။ အကိုသက်သာလာရင် ကျွန်တော့်ဆီဆက်သွယ်ဖို့ပြောပေးပါဗျ"
ကျွန်တော်ချစ်တဲ့အကို အမြန်နေပြန်ကောင်းပါစေ
ကျွန်တော့်ဘက်က နာကျင်ရမယ်ဆိုရင်တောင် အစစအရာရာအဆင်ပြေနေစေနေချင်တာ စိတ်ရင်းနဲ့ပါ~
YOU ARE READING
Page Fifteen
Fanfictionပုန်းကွယ်နေတဲ့ကြောင်လေးတွေက ပိုရှာရခက်တယ် ပုန်းကွယ်နေတဲ့ကြောင်လေးတွေက ပိုရှာရခက်တယ် Yizhan