Kyoto ၊ Japan
ဆွေးမြေ့မြေ့ မြို့တစ်မြို့လို့ ကျွန်တော်က တင်စားထားတယ်
ဘာလို့ရယ်မသိ ဒီမြို့မှာ လွမ်းဆွေးချင်စရာ အုံ့မှိုင်းမှိုင်း
ဓာတ်တစ်ချို့ သိုသိပ်ထည့်ထားတယ်လို့ ခံစားမိလို့ ...~
"ရိပေါ် ဟိုမှာကြည့်! .. အကိုရှောင်းကျန့်!! "
ရင်ခုန်သံဟာ ဒိတ်ခနဲ တစ်ချက် မြည်သွားတယ်!
ကျွန်တော်ရဲ့လှူပ်ရှားမှူအလုံးစုံဟာ (၂)စက္ကန့်စာလောက် ငြိမ်သက်သွားတယ်။Sahi အသည်းအသန်ထိုးပြနေတဲ့ နေရာကို ကျွန်တော် ချက်ချင်းခေါင်းစောင်းကြည့်လိုက်ပေမယ့် ... လူနဲ့တူတာဆိုလို့ ပြောင်သလင်းခါနေတဲ့လမ်းမှာ တစ်စုံတစ်ရာရှိမနေဘူး ...
အကို လမ်းလျှောက်တာ ဒီလောက်မြန်သလား?" ဘယ်မှာလဲဟ... "
ခေါင်းကိုဒီဘက်ပြန်လှည့်တော့ ပါးစပ်မှာ တုတ်ချောင်းတန်းလန်းနဲ့သကောင့်သားတွေက မြုံစိစိနဲ့!
လခွမ်း .. ကုန်ပြီဟ!
လက်ထဲကမုန့်ဘူးကိုပြန်ကြည့်တဲ့အခါ ခြောက်ခုပါတဲ့ရေဘဝဲအလုံးက.. နှစ်လုံးဘဲကျန်ခဲ့တယ်။
" ဟီး ဟီးး "
ဒီသောက်ခွေးတွေကတော့...
" မင်းမေ!!!!
.
.
.....နေကောင်းလားလို့ ဟင်း ဟင်းး.. "" အေးကွာ ကောင်းပါတယ် .. မင်းအစ်မ ငါ့သည်းလေးရော
နေကောင်းရဲ့လား "ပုခုံးကိုသိုင်းဖက်လို့ပြောလာတဲ့ Ruto ရဲ့စကားနောက်မှာ
ရိပေါ်ရဲ့ ဆဲဆိုသံတွေဟာ အစီအရီထွက်လာတယ်။
YOU ARE READING
Page Fifteen
Fanfictionပုန်းကွယ်နေတဲ့ကြောင်လေးတွေက ပိုရှာရခက်တယ် ပုန်းကွယ်နေတဲ့ကြောင်လေးတွေက ပိုရှာရခက်တယ် Yizhan