ပုံမှန်ကျောင်းတက်ရက်တွေထဲက တစ်ရက်ပါဘဲ
အတိအကျပြောရမယ်ဆို ရက်သတ္တပတ်ရဲ့ အစဖြစ်တဲ့
တနင်္လာနေ့ ...ကြားမှာ စနေ ၊ တနင်္ဂနွေ နှစ်ရက်ကျောင်းပိတ်ထားလို့
ကျွန်တော့်ကိုယ်ထဲက အလွမ်းသွေးတွေ ဆူပွက်လို့နေတယ်
ခြေလှမ်းတွေက ကျောင်းတော်ရှိရာဆီ ခပ်သွပ်သွပ်နိုင်တယ်နောက်က ကျွန်တော့်ခြေလှမ်းကျဲကျဲတွေကို အမှီမလိုက်နိုင်တော့တဲ့ Sahiတို့ကတော့ ဘယ်ဆီဘယ်ဝယ်ကျန်ခဲ့ပြီလဲ မသိဘူး။
စိတ်မဝင်စားပါ ... အကို့ကို တွေ့ရဖို့မစောင့်နိုင်တော့ဘူးလေ။
ကျောင်းဝန်းထဲ ပတ်ရှာပြီးပေမယ့် ပုံမှန်လို သူငယ်ချင်းတွေနဲ့ ဝေးလားဝါးလားလုပ်နေတဲ့ အကို့ကို ဘယ်နေရာမှာမှ မတွေ့ရဘူး ...
ဘာလဲ ဒီနေ့လည်း ကျောင်းမလာပြန်ဘူးလား!
ကျွန်တော့်စိတ်ထဲ ဖြစ်နိုင်မယ့် အကြောင်းအရာမျိုးစုံကို စဉ်းစားနေမိပြီး မျက်လုံးကလည်း နေရာအနှံ့ကို ကစားနေမိတယ်။
အကို့အတန်းကို သွားကြည့်ရင်ကောင်းမလား?
စိတ်ကနောက် ၊ ခြေလှမ်းတွေကအရင်
အကို့အတန်းရှိရာဆီ လှမ်းနေပြီးပြီ ..ကျွန်တော်တို့ အခန်းရှိရာဆီကိုက လှေကားစိပ်စိပ်တွေကို တက်ပြီး နှစ်ထပ်မြောက်မှာရပ်သွားရမှာပေမယ့် အကို့တို့အတန်းကြီး အခန်းတွေဆီရောက်ဖို့က နောက်တစ်ထပ် ထက်တက်ရသေးတယ်။
လှေကားထောင့်နေကနေ ချိုး၊ချိုးချင်း နှစ်ခန်းမြောက်က အကို့တို့အခန်းဘဲ ...
ကော်ရစ်တာက စကားပြောသံတွေ ၊ စနောက်သံတွေက
ကျွန်တော့်ခြေလှမ်းတွေကို တုံ့ဆိုင်းစေတယ်...
YOU ARE READING
Page Fifteen
Fanfictionပုန်းကွယ်နေတဲ့ကြောင်လေးတွေက ပိုရှာရခက်တယ် ပုန်းကွယ်နေတဲ့ကြောင်လေးတွေက ပိုရှာရခက်တယ် Yizhan