ကျောင်းပိတ်ရက်တွေထဲက တစ်ရက်ဖြစ်တယ်။
ကိုကိုနဲ့ချိန်းထားတာမို့ ကျွန်တော်အစောထလို့ ပြင်ပြင်ဆင်ဆင်လုပ်တယ် ...
ခေါင်းလျှော်လိုက်တာမို့ ဆံပင်တွေမှာ ရေစက်နည်းနည်းကျန်နေသေးတယ် . ကိစ္စမရှိပါဘူး ကိုကို့ဆီသွားတဲ့လမ်းမှာ ခြောက်သွားလိမ့်မယ် !
ကျွန်တော် ဆံပင်ကို ဂျယ်လ်နဲ့သပ်သပ်ရပ်ရပ် ပြင်ပြင်ဆင်ဆင်မရှိခဲ့တာကြာပြီ ..
'ဝမ် မင်းက ဆံပင်လှန်တင်ထားတာထက် နဖူးပေါ်ဝဲဝဲလေးချထားတာနဲ့ ပိုလိုက်တာ သိလား' လို့ ကိုကိုတစ်ခါပြောဖူးကတည်းက ကျွန်တော်က အမြဲလိုလို ဖြစ်သလိုဘဲ ချထားတော့တာဘဲ . . .
ကိုကို့အိမ်နဲ့ ကျွန်တော့်အိမ်က သုံးလမ်းဘဲခြားတယ်!
ဒါ ကိုကိုနဲ့ရင်းနှီးပြီး နောက်ပိုင်းမှ ကျွန်တော်သိခဲ့တာ ...အဲ့တာကြောင့် အရင်တစ်ခါ စာအုပ်ဆိုင်ကအပြန် ကိုကိုနဲ့သူ့ရဲ့ အိမ်ပြန်လမ်းက တူနေခဲ့တာ ...
ကျွန်တောဟာ ဘယ်လောက်တုံးခဲ့သလဲ !
//
ကိုကို ပြောပြထားတဲ့ အိမ်ရှေ့ရောက်တော့ ကျွန်တော်အနည်းငယ်တော့ တွန့်ဆုတ်နေမိတယ် ...
ကိုကို့အိမ်ကို ပထမဆုံး ရောက်ဖူးတာမလို့ စိတ်လှုပ်ရှားနေတာ လက်ဖျားတွေတောင် ခပ်အေးအေး ရှိလာတယ် ..ဒေါက် **
တံခါးခေါက်လိုက်တော့ အန်တီတစ်ယောက်က တံခါးလာဖွင့်တယ်..
မျက်လုံးတွေကနေ တစ်ဆင့် ကိုကို့မေမေဆိုတာ သိသာတယ်။
ကျွန်တော်သဘောတကျရှိတဲ့ ကိုကို့မျက်လုံးမျိုးလေးတွေ ဒီအမျိုးသမီးဆီမှာလည်းရှိတယ် ..
"အကိုရှောင်းကျန့် ရှိလား အန်တီ"
ကိုကို့မေမေက ကြောင်ကြည့်လို့နေတာကြောင့် ကျွန်တော် နည်းနည်းအမ်းတမ်းတမ်းဖြစ်သွားရတယ်။
"ရှိတယ် သား ဝင်လေ .. ရှောင်းကျန့်က အပေါ်မှာ .. ခုနက စိတ်မရှိနဲ့နော် အန်တီ့သားက အိမ်ကို သူငယ်ချင်း ခေါ်လာတာ သိပ်မရှိလို့ အထူးအဆန်းဖြစ်နေတာ"
YOU ARE READING
Page Fifteen
Fanfictionပုန်းကွယ်နေတဲ့ကြောင်လေးတွေက ပိုရှာရခက်တယ် ပုန်းကွယ်နေတဲ့ကြောင်လေးတွေက ပိုရှာရခက်တယ် Yizhan