Part~13 (Z)

885 107 3
                                    

တိတ်ဆိတ်သည့်အခန်းငယ်ထဲ ခန့်ရဲ့ရင်ဘတ်ကိုအသက်ရှူသံမျှင်းမျှင်းကလာရိုက်ခတ်နေသည်။ မျက်ဝန်းတွေကိုဖွင့်ဟမိတာနှင့် ပထမဆုံးမြင်ရတာက အညိုဖျော့ဆံအုပ်နှင့်ဦးခေါင်းလေး။ လက်တစ်ဖက်က သူ့ခါးကိုသိုင်းဖက်လို့။ ညကသန့်ရှင်းပေးပြီးဝတ်ပေးထားသည့်ခါးစည်းညဝတ်အင်္ကျီလေးနှင့် သူ့ရင်ခွင်ထဲကအယ်နွိုက်ကို သူတကယ်ချစ်မိတာသေချာသည်။

မကျဉ်းမကျယ်နဖူးပြင်ပြေပြေ၊ ဖြောင့်စင်းသည့်နှာတံလေး၊ ရွက်နွံလောက်အသားဖြူချောနေတာမျိုးမဟုတ်ပဲပုံမှန်အသားအရေမျိုးနှင့်ဖြူသန့်နေသည်။ မြင်ကွင်းထဲ ကြည့်လိုက်တာနဲ့ထင်းနေအောင်ပေါ်လွင်နေတာမျိုး။ လူတစ်ယောက်ကိုစွဲလမ်းမိပြီဆို သူ့ရုပ်ရည်နှင့်မဆိုင်တော့။ အပြုအမူတွေအပြောအဆိုတွေကတဆင့် သူ့ပုံရိပ်တွေကိုအမှတ်ရနေတာမျိုး။ စကားတွေအများကြီးမပြောဖူးဘဲ ဖြတ်သွားဖြတ်လာနှင့်ပဲတွေ့ရပေမဲ့ အယ်နွိုက်ကိုတနေ့မမြင်ရရင်မနေနိုင်အောင် သူ့စိတ်ထဲရူးသွပ်မိသည်။

ဘန်ကောက်မှာရော ဒီမှာရော ရည်းစားတွေအများကြီးထားဖူးခဲ့ပြီ။ သူကရုပ်ရှိရေလျှံထဲကလူမျိုးမို့ လိုက်သမျှရောသမျှကောင်မလေးတွေကိုအလွယ်ပဲရသည်။ ဒါကလည်း မာနကြီးပြီးကိုယ့်ကိုယ်ကိုတန်ဖိုးထားတတ်သည့်လူမျိုးနှင့်မတွေ့ခဲ့တာလည်းဖြစ်လိမ့်မည်။ တွေ့မဲ့တွေ့တော့လည်း လုံးဝမာနခဲနှင့်တွေ့သည်။ အပေါင်းအသင်းနယ်စုံပြီးသားမို့ ခန့်က ကြိုက်ရင် ယောကျာင်္းမိန်းမမရွေး။ လိုချင်ပြီဆိုလည်းရအောင်လိုက်သည်။ ငြီးငွေ့သွားရင် ဖြတ်ပစ်လိုက်သည်။ တန်ဖိုးထားချစ်ရအောင် ဘယ်သူမှအကြိုက်မတွေ့။ ကိုယ့်ကိုသေလောက်အောင်ချစ်ပေးနိုင်လည်း ခန့်တို့က ကိုယ်ချစ်ကိုမှရူးသွပ်တတ်သည့်လူမျိုး။ ကိုယ်ကိုမကြိုက်လည်း ကိုယ်ကပဲကြိုက်မည်။ နောက်ပြီး ကိုယ့်အပိုင်ဖြစ်အောင်မရရအောင်ယူမည်။ ဘယ်လိုနည်းလမ်းပဲသုံးရပါစေပေါ့။ ဒါက သူ့အတ္တ။

သို့ပေမဲ့  အနားပင်အကပ်မခံသည့်အယ်နွိုက်။ ဘယ်လိုနည်းသုံးပြီး ချဉ်းကပ်ရမလဲ အများကြီးမစဉ်းစားချင်။ ခန့်ကလိုချင်တာကိုရအောင်ယူသည်။ ကိုယ်လုပ်ချင်တာကိုပဲလုပ်တတ်သည့်လူစားမျိုး။ ဟိုတနေ့ကပဲအကြောင်းသိသိချင်း လူလွှတ်ကာ တန်းစုံစမ်းခိုင်းခဲ့သည်။ နောက်ခံအကြောင်းကိုသိတော့ နည်းနည်းအံ့သြမိသား။ အယ်နွိုက်မိဘတွေက ချမ်းသာသည်။ ကိုယ့်အဖေပိုင်သည့်လုပ်ငန်းအချို့နှင့်ပင် သူ့မိသားစုကဆက်စပ်လို့။ မိသားစုနောက်ခံအရမ်းကောင်းကာ တစ်အိမ်လုံးရဲ့ဖူးဖူးမှုတ်ချစ်ခံရသည့် သားအငယ်ဆုံးဆိုပဲ။ သူမသိနိုင်တဲ့အကြောင်းတစ်ခုကြောင့်ဒီနေရာမှာလာဆုံပေမဲ့ မသိနိုင်တဲ့အချိန်တစ်ခုမှာပဲ ကံကြမ္မာကြောင့်ဝေးကွာသွားတာမျိုး ခန့်အဖြစ်မခံ။ ဒါကြောင့် ဒီလိုယုတ်မာပစ်ရခြင်းဖြစ်သည်။ နောက်ပြီး သူ့ခံစားချက်ကို သူပဲနားအလည်ဆုံးမို့။

ကိုယ့်ရင်ဘတ်ထဲ ခဏဝင်ကြည့်Where stories live. Discover now