Part~4 (U)

548 45 0
                                    

"ရွက်နွံက ဒီနေ့ VIP ကိုသွားလိုက်''

Superဖက်တီးရဲ့တစ်ချက်လွှတ်အမိန့်သံအဆုံး ရွက်နွံ ရဲ့မျက်နှာက မှိုရသလိုမျက်နှာ...မဟုတ်သေးပါ... ရွှေရသလိုမျက်နှာမျိုးဖြစ်ကာ ဝမ်းသာမှုကြောင့်ရယ်ချင်နေတာကို နှုတ်ခမ်းတွေစိိကာပိတ်ရင်း ဖုံးကွယ်ဖို့ကြိုးစားလိုက်သည်။

ဝမ်းသာအားရစွာ တပြိုက်နက်တွေးမိသည်က ဒီနေ့
Superဖက်တီး ဆေးမှားသောက်လာတာလားဟူ၍။

"ကောင်စုတ်...VIP ကိုသွားရတော့ ပျော်နေတယ်ပေါ့''

ယမင်းက ရွက်နွံနားကိုကပ်ကာ Superဖက်တီးမကြားစေရအောင် တိုးတိုးလေးပြောလိုက်သည်။

ရွက်နွံ မျက်ခုံးတစ်ဖက်ကိုပင့်မြှောက်ကာ မချိုမချဉ်လုပ်ပြတော့ ယမင်းက နှုတ်ခမ်းတွေကိုတွန့်ကာ မျက်စောင်းထိုးဟန်ပြန်လုပ်ပြသည်။ ရွက်နွံကတော့ ပြုံးစိစိ။

နေ့ဆိုင်းလာသည့်ပထမဆုံးရက်မှာ VIP Barကိုတာဝန်ကျသည်မို့ ရွက်နွံ အတွက်တော့ ဒါဟာကံကောင်းမှု။ VIP က ဧည့်သည်နည်းကာ ဝန်ဆောင်မှုပေးရတာ ဗာဟီဗာရမများလှပေ။ ပထမရက် စရပြီဆို တစ်ပတ်လုံး VIPမှာပဲနေရလေ့ရှိသည်။ အောက်ထပ်မှာ တာဝန်ကျရင် Superဖက်တီး၏မျက်စိဒေါက်ထောက်ကြည့်ခံရခြင်းနှင့် တနေကုန်အလုပ်လုပ်ရလို့ပင်ပန်းခြင်းတွေက အိမ်အပြန်ဆို လူကို ဒေါင်ချာစိုင်းနေပြီဖြစ်သည်။

သို့ပေမဲ့ အယ်နွိုက်နှင့်တော့ တနေကုန် တွေ့ရတော့မည်မဟုတ်တော့။ အယ်နွိုက် က active Super အဖြစ် ရာထူးတက်သွားပြီဖြစ်ကာ ရွက်နွံနှင့်နားရက်တူအောင် နားရက်ကိုလည်းပြောင်းလိုက်ပြီဖြစ်သည်။

အယ်နွိုက်ကိုလှည့်ကြည့်မိတော့ အယ်နွိုက်ကSuper ပြောသည်ကို အာရုံစိုက်ကာ နားထောင်နေသည်ကိုမြင်ရသည်။

"ကဲ အလုပ်စလုပ်လို့ရပြီ''

လူစုခွဲလိုက်ကြပြီးနောက် Bar Stand နောက်ကို အယ်နွိုက်ဝင်သွားလေသည်။ အချိန်နောက်မကျခင် VIP ကလူကို ဂျူတီလဲပေးရမှာမို့ ရွက်နွံလည်း မြန်မြန်ဆန်ဆန်ပဲ ငါးလွှာသို့တက်လာခဲ့လိုက်သည်။

ရွက်နွံ တို့ ဟိုတယ်က သဘောၤပုံစံဒီဇိုင်းဆွဲကာ ဆောက်လုပ်ထားခြင်းဖြစ်ပြီး အထပ်ငါးထပ်ရှိသည်။ မြေညီထပ်နှင့်ငါးထပ်မြောက်မှာ game room တွေရှိသည်။ လာဘ်သေးသမားကစားသူတွေအတွက်က မြေညီထပ်မှာ တန်ဖိုးနည်း လာဘ်သေးခုံတွေဖွင့်ပေးကာ ငါးထပ်မြောက်ကို VIP အဖြစ်သတ်မှတ်ပြီး လာဘ်ကြီးကစားခုံတွေဖွင့်ထားပေးခြင်းဖြစ်သည်။

ကိုယ့်ရင်ဘတ်ထဲ ခဏဝင်ကြည့်Where stories live. Discover now