Part ~ 41 (Z)

57 3 0
                                    

''မနက်စာအတွက် ကြိုက်တာပြောလို့ရတယ်၊ လူတစ်ယောက် အနားမှာထားပေးမယ်၊ အနားမှာ ကိုယ်မရှိလို့လိုချင်တာရှိရင် သူ့ကိုပြောလိုက်၊ နေ့လည်ခင်း ရှင်းရန်လာခေါ်ရင် လိုက်ခဲ့''

မနက်က ရွက်နွံနိုးချိန်မှာ ကသုတ်ကရိုက်ပဲ သူမှာသွားသည်။ ညက ဘယ်အချိန်ပြန်လာလည်း အခန်းထဲမှာမို့မသိလိုက်။ Kings Emperorsမှာတညလုံး​နေပြီး မနက်မှပြန်လာတာလည်း ဖြစ်နိုင်သည်။ သူထွက်သွားပြီး ခဏကြာတော့ လူတစ်ယောက် တံခါးလာခေါက်ပြီး သူခေါ်ထားသည့်လူဖြစ်ကြောင်း ရွက်နွံကို လာပြောပြသည်။ တရုတ်ဗမာစကားပြန်မို့ မနက်စာစားသောက်ဖို့ စားဖိုမှူးတွေနှင့် ပြောဆိုရတာတွေကိုလည်း ထိုသူကပဲဆောင်ရွက်ပေး၏။

တကယ်ဆို ရွက်နွံအတွက် ထမင်းတစ်နပ်စာက ရေးကြီးခွင်ကျယ်လုပ်စရာမလုပ်ပေမဲ့ ရွက်နွံအားနာရလောက်အောင်ထိ သူတို့တွေက အစားအသောက်Menuတွေကို တစ်ခုပြီး တစ်ခုယူလာပြသည်။ ဘာအစားအသောက်၊ ဘယ်နိုင်ငံအစားအသောက်တွေကဆိုပြီး သူ့ကို စေ့စေ့စပ်စပ်မေးပေမဲ့ နောက်ဆုံး ရယ်စရာကောင်းလောက်အောင် ရေစိမ်တစ်ပွဲနှင့် မနက်စာကိုအပြီးသတ်ခဲ့သလို နေ့လည်စာကိုတော့ သူတို့ကို ကောင်းရာစီစဉ်ခိုင်းခဲ့သည်။ ရွက်နွံလာမှ အသစ်ခေါ်ထားသည့် ဗမာစားဖိုမှူးလည်းရှိသည်ဟု​ဆိုကာ သူပြောထားသလို အချိန်မရွေး ရွက်နွံစားချင်တာရှိရင် ပြောပါတဲ့။

နေ့လည်ကျော်တော့ ရှင်းရန်နှင့်အတူ သူပါအတူပါလာသည်။ သူ့ကားက မြင်ရုံနှင့် လူရှိန်လောက်အောင် အရမ်းမိုက်သည်မို့ ကားထဲမဝင်ခင်သည်ထိ ရွက်နွံ ​ကြောင်တောင်တောင်လေးဖြစ်နေသေးသည်။ ဟိုမှာနှင့်လုံးဝမတူပဲ သူ့အသုံးအဆောင်၊ အသွင်အပြင်တွေက တစ်ဆင့်မြင့်သွားသလို ရွက်နွံခံစားရသလို တကယ်ကြီးလည်း ပြောင်းလဲသွားတာဖြစ်သည်။

ဘယ်အချိန်က ဝယ်ထည့်ထားမှန်းမသိသည့် ဝတ်စုံသစ်တွေထဲက သင့်တော်ရာတစ်စုံယူဝတ်ခဲ့ပေမဲ့ သူ့နား,ကပ်သည်နှင့် အရောင်အဆင်းမရှိသလို သိမ်ငယ်စွာခံစားရစေသည်က တကယ်​ပိုပြောခြင်းမဟုတ်။ ရွက်နွံနားကို သူတိုးကပ်မလာခင်သည်ထိ သူ့နဲ့ ခပ်ခွာခွာထိုင်မိတော့

ကိုယ့်ရင်ဘတ်ထဲ ခဏဝင်ကြည့်Where stories live. Discover now