Part~35 (U)

510 53 17
                                    

ု''ရှစ်လာရင် ရပ်...မဟုတ်သေးဘူး...တစ်ရောပါတယ်မလား''

''အဲ့ဒါက bankerလေးပေါက်မှလေ''

''ရှုပ်ယှက်ခတ်နေတာပဲ... မမှတ်မိတော့ဘူး''

ခေါင်းကိုအသာကုတ်ရင်း မျက်နှာကိုလည်းရှုံ့မဲ့မဲ့လုပ်သည်။ အကုန်လုံးက ဖဲနှစ်ထုတ်သုံးထုတ်စီလောက်နဲ့ လုပ်ချင်ရာလုပ်ပြီး ချာလည်လည်နေကြလျက်။

''ပြန်ဝေမယ်''

''player... banker....player..''

''ဟာ...ဟာ...ဟျောင့် banker...bankerဖြစ်နေပြီကွာ..ဒုတိယခ်ပ္က ဘယ်ဘက်ခြမ်းမှာထားရမှာ''

ပြန်စလေ ထပ်မှားလေဆိုတော့ ခုံလယ်မှာထိုင်ရင်း မျက်နှာကြီးကစိတ်ပျက်လက်ပျက်ဖြစ်နေသည်။

''ဟျောင့်...လာခဲ့ ရွက်နွံ မင်းလာဝေလှည့်တော့...ငါဆက်ထိုင်နေလို့ ပြန်ရောက်လာတာတိုးရင် ငါနားကားလိမ့်မယ်..မြန်မြန်လာ''

ပြောပြောဆိုဆို ထလည်းထသည်။ ရွက်နွံက ခုံဘေးဘက်မှာထိုင်နေတာမို့ သူတန်းထတာနဲ့ အသာဝင်ထိုင်ရုံပဲဖြစ်ကာ အီလည်လည်မျက်နှာကြီးနဲ့သူကမျက်မှောင်ကြုံ့ရင်းရွက်နွံထိုင်ခဲ့သည့်နေရာမှာဝင်ထိုင်ရင်း

''မင်းပဲထိုင်လိုက်တော့...ဘာတွေမှန်းလည်း မသိဘူး...တစ်နဲ့နှစ် ဘယ်သူကြီးလဲ သိနေတာကြီးကို ဟိုဘက် ဘာထပ်ဆြဲ...ဒီဘက် ဘာထပ်ဆွဲနဲ့ရှုပ်နေတာပဲ''

''ရှုပ်နေရင် ဘာလို့လာသေးလဲ''

''မယ်မင်းကြီးမ လာခိုင်းလို့လေ၊ အဲ့ကလေးမကြောင့်...မဟုတ်ရင် မင်းနဲ့ကို ခုချိန်တွေ့စရာအကြောင်းမရှိဘူး''

မကျေနပ်သံလေးမြင့်သွားသလို ခေါင်းလေးမြင့်ရင်း အကြည့်တွေကိုလည်း အပေါက်ဝဆီပို့သည်။ စိုင်းခမ်းက ဖဲဘူးထဲက ရွက်နွံဆွဲချလာသည့်ဖဲချပ်တွေကိုကြည့်ရင်း

''ရွက်နွံဝေနေတုန်းကြည့်ထားလေ...တကယ္ဆို များများဝေကြည့်မှမှတ်မိမှာ...မင်းကိုက စိတ်မဝင်စားတော့...''

ဆက်ပြောမဲ့စကားကို ရပ်ထားပြီး စိုင်းခမ်းက ပုခုံးတွန့်သည်။ မင်းအပြစ်ဆိုတဲ့သဘော။

''ဂျေ နင်ဖဲဝေပြီးပြီလား...ငါနင့်ကိုဝေခိုင်းထားတယ်လေ..ကောင်စုတ်''

ကိုယ့်ရင်ဘတ်ထဲ ခဏဝင်ကြည့်Onde histórias criam vida. Descubra agora