Part~36 (Z)

64 10 3
                                    


Kings Emperors Casino

Hotelအဆောက်အဦးတစ်ခုထဲမှာတောင်မဟုတ်ဘဲ တရားဝင်ခွင့်ပြုထားသည့်လောင်းကစားဥပဒေအရ ကာစီနိုအဆောက်အဦးကြီးတစ်ခုအဖြစ် ခမ်းနားစွာ တည်ဆောက်ထားနိုင်သည်။ အများကြီးမစဉ်းတတ်ပေမဲ့ ဒီနေရာကိုရောက်လာတာက သူ့အတွက် အခွင့်အရေးကောင်းဆိုတာကိုတော့ သိသည်။ အစောပိုင်းလစာကပင် သူမျှော်မှန်းထားသည်ထက် များ၏။ ဒါတွေအားလုံးသည် ဖိငေါင်းလျန်း၏ ကျေးဇူးကြောင့်သာ။

''ရွက်နွံ ငါပြန်တော့မယ်၊ အပြန် တစ်ယောက်တည်းမပြန်နဲ့နော်''

''ဟုတ်ကဲ့ ဖိ''

အယောင်ယောင်အနနနဲ့ ချက်ချင်းခေါင်းညိမ့်ပေမဲ့ ဖိကိုရှာလို့မတွေ့။ အသံကြားရာ သေချာကြည့်မှ ဟိုဟိုဒီဒီလျှောက်ရက်း အလုပ်များနေကြသည့်Dealerတွေကြား ဖိက ရွက်နွံရပ်နေရာဆီ တဖြည်းဖြည်းချင်း လျှောက်လာတာကို မြင်သည်။

''ဖိ''

''စွတ်ပဲခေါင်းညိတ်နေ၊ ငါ့ကိုဖြင့် မတွေ့ပဲ''

''ဟဲ''

ရွယ်နွံ ရယ်တော့ ဖိက သူ့ေ ယခါင်းကဆံပင်တွေကို ခပ်ဖွဖွ ပွတ်သည်။ ထို့နောက် လက်ထဲမှာပါလာသည့် ဘူးလေးကိုလှမ်းပေးကာ..

''မနက်စာမစားရသေးဘူးမလား...သောက်လိုက်''

ကြည့်မိတော့ နို့အေးဘူးအကြီးစားဖြစ်ကာ...

''ဟုတ်ကဲ့ ကျေးဇူးပါပဲဖိ''

သူ ချက်ချင်းယူပြီး ဖောက်သောက်လိုက်သည်။ ဖိက သူ့ဘေးနားမှာ ရပ်နေဆဲဖြစ်ပြီး ဟိုဟိုဒီဒီလိုက်ငေးကာ

''အဆောင် ဘယ်တော့ပေးမှာတဲ့လဲ၊ အပြန် မင်းတစ်ယောက်တည်းပြန်တယ်ဆို၊ အဲ့လမ်းက မှောင်ကမှောင်နဲ့ ဆေးသမားတွေလည်းရှိတယ်၊ ဆိုင်ကယ်taxiငှါးသွား''

ရှေ့ရက်တွေ ဒီတိုင်းလမ်းလျှောက်ပြန်တာ သိသွားပုံပင်။ လမ်းမှောင်တာမမှန်ပေမဲ့ လူတော့ပြတ်သည်။ သို့ပေမဲ့ ထုတ်သုံးရမည့်ယွမ်တွေကို သူနှမြောသောကြောင့်...

''ဘာမှမဖြစ်ဘူး ဖိကလည်း၊ အဆောင်က နောက်တစ်ပတ်ဆိုပေးမှာတဲ့၊ ဒီကြားထဲ ကျွန်တော် ဆိုင်ကယ်taxiငှါးပြန်မှာပါ''

ကိုယ့်ရင်ဘတ်ထဲ ခဏဝင်ကြည့်Where stories live. Discover now