Part~11 (U)

485 47 0
                                    

"ရွက်နွံ ပြီးပြီလား အပေါ်တက်မယ်''

"ဟုတ် ဖိ''

ရွက်နွံ လက်ထဲကဖုန်းကိုအမြန်ပိတ်ပြီး မတ်တပ်ရပ်လိုက်သည်။ တစ်စုံတစ်ယောက်ကိုပြန်ကြည့်ဖို့ရာမဝံ့ရဲတော့။ ဆူညံနေသည့်တီးလုံးသံတွေနှင့်အတူ နှလုံးသားကလှိုက်ဖိုနေသည်။ မျက်ဝန်းထဲ သူ့ပုံရိပ်ကိုဖမ်းမိနေပေမဲ့ နောက်မလှည့်ကြည့်မိတော့။ ဖိအယ်နွိုက်နောက်ကနေသာ လိုက်သွားလိုက်သည်။

အပေါ်ရောက်တော့ ဒုတိယအလွှာတစ်ခုလုံးကို ကိုခန့်ကငှါးထားပေးသည်။ ဘယ်သူလုပ်ထားပေးမှန်းမသိတဲ့ မွေးနေ့ကိတ်ကြီးရှစ်ထပ်။ အလယ်မှာလှလှပပကြီးရှိနေသည်။ ဘေးနားမှာတော့ ကိုခန့်ကနီညိုရောင်suit နှင့်သန့်ပြန့်နေလျက်။

ဖိအဲလက်စ်တို့ဘယ်အချိန်ကတည်းကရောက်နေကြသည်မသိ။ Receptionistဖိတွေလည်းရောက်နေကြပြီဖြစ်ကာ ဟိုတယ်ပိုင်းကလူတွေရော၊ ကာစီနိုပိုင်းကလူကြီးတွေပါရှိသည်။ Dealerတွေကတော့ပြောစရာမလို၊ ကိုခန့်နားမှာဝိုင်းဝိုင်းလည်လို့။

ဝင်ဝင်ချင်းပဲ မင်းအိမ်ခန့်နှင့်အယ်နွိုက်တို့အကြည့်ချင်းဆုံမိသည်။ အလုပ်ထဲမှာခါတိုင်းအေပရွန်ကြီးနှင့်စားဖိုမှူးဝတ်စုံသာဝတ်ရသည်ကိုပဲမြင်နေကျမို့ နီညိုရောင်Suitနှင့်ဒီလိုမြင်လိုက်ရတော့ အယ်နွိုက်မျက်ဝန်းထဲတစ်မျိုးဖြစ်နေသလို။ ဒီလိုကျတော့လည်း ဒီလူကသားနားသား။

"ခန့် မင်းကောင်လေးလာပြီ''

"အင်း''

အဲလက်စ်က ရွက်နွံတို့ဝင်လာသည်ကိုမြင်တော့ မင်းအိမ်ခန့်နားကိုကပ်ကာတီးတိုးပြောသည်။ မင်းအိမ်ခန့်က ဘောင်းဘီအိတ်ထဲ လက်တစ်ဖက်ထည့်ကာ တစ်ဖက်ကဝိုင်ခွက်ကိုင်ရင်း
ခေါင်းဆတ်ပြသည်။

"မင်း ဘယ်လိုပါလာအောင်လုပ်လိုက်တာလဲ ခန့်၊ ဒီကောင်လေးက လုံးဝမာနခဲလေးနော်၊ ရွက်နွံကလွဲရင် ဘယ်သူ့မှအဖတ်လုပ်တဲ့ကောင်လေးမဟုတ်ဘူး၊ မင်းကိုတော့လေးစားသွားပြီ''

"မင်းအိမ်ခန့်ပဲဟာ ငါလိုချင်တာမှန်သမျှဘယ်တုန်းကမရဘူးတာရှိလို့လဲ''

မင်းအိမ်ခန့်က ခပ်ဝေးဝေးမှာမတ်တပ်ရပ်ကာ ရွက်နွံနှင့်အတူစကားပြောနေသည့်အယ်နွိုက်ဆီမှာအကြည့်တွေပို့ထား၏။ အဲလက်စ်လည်း ထိုဘက်မှာပဲအာရုံရောက်နေကာ မင်းအိမ်ခန့်ကိုလှည့်ပြောလိုက် ထိုဘက်ကိုလှည့်ကြည့်လိုက်နှင့်။

ကိုယ့်ရင်ဘတ်ထဲ ခဏဝင်ကြည့်Où les histoires vivent. Découvrez maintenant