Part~28 (Z)

132 13 5
                                    

ရှင်းရန် အခန်းထဲဝင်လာချိန်မှာ မိုက်ခေါ့ကိုတန်းမတွေ့ရပါ။
အိပ်ခန်းတံခါးကိုအသာတံခါးခေါက်ကြည့်လျှင် အထဲက ဝင်လာဖို့ပြောလိုက်သည့်မိုက်ခေါ့အသံကိုကြားရ၏။ တံခါးဖွင့်ဝင်သွားလျှင် မိုက်က နံရံပြည့်မှန်ပြင်တွေရှေ့ကစားပွဲမှာ လပ်တော့ပ်ကိုကြည့်ရင်း ငြိမ်သက်နေသည်။

"မိုက်''

"အင်း ငါသတင်းကြားပြီးပြီ''

မိုက်ခေါ့က ရှင်းရန်ကိုမကြည့်ဘဲ ဦးစွာပြောသည်။  ရှင်းရန် မိုက်ခေါ့နားထိရောက်အောင် လျှောက်သွားလိုက်သည်။ မိုက်က လပ်တော့ပ်စခရင်ပေါ်က စကောကိုပဲ အာရုံစိုက်နေသလို ဟိုဘက်ကပို့လာသည့် အလျော်အစားလုပ်ထားသည့်CCမှတ်တမ်းတွေကိုဖွင့်ကြည့်၏။

"ဒီလအတွင်း နှစ်ကြိမ်လား''

မိုက်ခေါ့က အကြည့်မပျက် မေးသည်။ ရှင်းရန် မိုက်ခေါ့ရှေ့နားမှာ တရိုတသေရပ်လိုက်ကာ

"သုံးခါရှိပြီလို့ပြောပါတယ် မိုက်၊ ပထမတစ်ခေါက်က သူယူသွားတာက အရင်လကအရှုံးကိုပြန်ယူတာပါ၊ ဒုတိယတစ်ခေါက်ကလည်း ရသွားပြီး ဒီတစ်ခေါက်ပါ ထပ်ရသွားတာပါ''

"သုံးခေါက်ပဲကို ဘာလို့လောနေကြတာလဲ''

မိုက်က အရေးမကြီးသလိုပဲပြောပေမဲ့ ဒီတစ်လရဲ့အနိုင်အရှုံးက အရမ်းများတာကိုသိသည်။ မကြာမီလကုန်တော့မည်မို့ ကုမ္ပဏီစာရင်းပိတ်ချိန်မှာ လာယူသွားသည့်မစ္စတာဂျော့ဒန်းနစ်ရှ်က Kings Emperorsရဲ့လာဘ်ကြီးသမားတွေထဲက တစ်ယောက်ဖြစ်ကာ ဒီလရဲ့ကုမ္ပဏီအနိုင်အရှုံးကို သူက ဆုံးဖြတ်သွားခဲ့၏။

"တခြားဧည့်သည်တွေကရော''

"စပိန်ကအဖွဲ့တွေလာရှုံးသွားပေမဲ့ အဲ့ဒီဟာကို 77အဖွဲ့တွေရသွားရတာပါ၊ ဒုတိယတစ်ခေါက်ကတည်းက မစ္စတာဂျော့ဒန်းနစ်ကလည်း ၇၀ကျော်လောက်ရသွားပါတယ်''

ရှင်းရန်က ပြောလက်စကိုရပ်ပြီး မိုက်ခေါ့မျက်နှာကိုမသိမသာတချက်အကဲခတ်သည်။ ပြီးမှ...

"လကုန်ဖို့နောက်နှစ်ရက်ပဲလိုတော့ပေမဲ့ မစ္စတာဂျော့ဒန်းနစ်က ပြန်လာဖို့မသေချာပါဘူး၊ နောက်ရက်တွေလည်း အဲ့တိုင်းဆက်သွားမယ်ဆို အရှုံးက ၂၀၀နားထိရှိပါတယ်''

ကိုယ့်ရင်ဘတ်ထဲ ခဏဝင်ကြည့်Where stories live. Discover now