Part~6 (Z)

844 108 4
                                    

"Coffee''

ရင်ခေါင်းနားကအောင့်မျက်မှုကိုသတိမေ့လျော့သွားသည်။
ချစ်စရာကောင်းတယ်လို့ပြောရကောင်းမလားဟုဆိုကာ အပေါ်သို့တက်မလာခင်ပဲ အယ်နွိုက်က တံတောင်စာပစ်ကျွေးခဲ့ခြင်း။

မနက်ခင်းတိုင်းရောက်လာတတ်သည့်လူကြီးကြောင့် နာကျင်မှုတွေမေ့ပြီး ရွက်နွံအသာပြုံးမိသည်။ စကားလုံးတစ်လုံးတည်းနဲ့ ကိုယ်နဲ့သူဟာ အလုပ်ဖြစ်နေခဲ့၏။ ပထမ တွေ့ကာစက သြော် ဒီလူကြီးချောသားဟုသာအမှတ်တမဲ့တွေးခဲ့မိပေမဲ့ မျက်စိရှေ့မှာ နေ့တိုင်းတွေ့မြင်နေရသည်ကြောင့် ထိုလူကြီရဲ့တည်ငြိမ်သည့်ဟန်မူယာတွေကိုလည်း သတိပြုမိလာခဲ့သည်။

မဟုတ်ရင်တောင် VIPက အချိန်အများစုမှာ အားလပ်နေတတ်သည့်ရွက်နွံအတွက် Game hallထဲကလူတွေကိုသာ
ထိုင်ကြည့်ဖွယ်ပဲရှိပါသည်။

သို့ပေမဲ့ ထိုလူကြီးကိုတော့ တခြားသူဋ္ဌေးတွေလိုမျိုး ဘေးနားမှာကောင်မလေးချောချောလေးတွေနှင့် ဖဲလာကစားတတ်သည့်လူမျိုးမဟုတ်သည်ကိုတော့ ကောင်းကောင်းခန့်မှန်းမိသည်။

အရင်ရက်တွေက ကော်ဖီမှာပြီး ရွက်နွံဖျော်ပြီးသည်ထိ စောင့်ယူသွားလေ့ရှိပေမဲ့ ဒီနေ့တော့ လက်ထဲကဖုန်းကိုကြည့်ရင်း
ရွက်နွံရဲ့ရှေ့မှာ ကော်ဖီကို တစ်ကျိုက်ချင်းစီမော့သောက်နေလေသည်။ အေးအေးဆေးဆေးပဲဖြစ်ကာ ရွက်နွံဖျော်ပေးသည့်ကော်ဖီကို အရသာခံသောက်နေတာမျိုးဖြစ်၏။

အပြင်တစ်နေရာရာသွားမည့်ဟန်မျိုးဖြစ်ကာ ရှပ်အင်္ကျီမိုးပြာရောင်ထက်Navy blue blazer ထပ်ဝတ်ထားကာ အသားရောင်ဘောင်းဘီရှည်နှင့်လိုက်ဖက်ညီစွာတွဲဝတ်ထား၏။တက်တူးတို့ဖုံးအုပ်နေသည့်ဘယ်ဘက်လက်ကောက်ဝတ်ကလက်ပတ်နာရီအပြာသည် မြင်လိုက်ရုံနှင့်တန်ဖိုးကြီးဘရန်းမှန်းသိသာနေလျက်။ ကော်ဖီခွက်ကိုင်ထားသည့်ညာဖက်လက်မှာလည်း စတီးဟန်ချိန်းလက်ပတ်လေးတစ်ခုရှိသေး၏။

မနက်စောစောဖြစ်ပေမဲ့ ဒီနေ့တော့ Game Hallထဲ သူဋ္ဌေးအချို့လာဆော့နေသည်မို့ မအားသည့်dealerတွေလည်း နေ့စဉ်စောင့်ကြည့်နေကျထိုလူကြီးကို ကောင်းကောင်းအာရုံမရောက်နိုင်ရှာကြပါ။

ကိုယ့်ရင်ဘတ်ထဲ ခဏဝင်ကြည့်Where stories live. Discover now