Part~38 (U)

753 62 23
                                    

ဒုန်း!

နားထဲမှာ အသံတွေအများကြီးနှင့် ဆူညံနေတာမျိုးမဟုတ်ဘဲ ဒုန်းကနဲအသံတစ်ချက်တည်းနဲ့ နားထင်တွေပါ ဆစ်ခနဲဖြစ်သွားသည်။ အသိစိတ်ကပ်မိပြီး ကိုယ်ဘာဖြစ်နေမှန်းသိမိသလို အပြင်က ထပ်တလဲလဲထုရိုက်သံတွေကြောင့် မျက်လုံးတွေကို အရင်ဆုံးဖွင့်ဖို့ကြိုးစားရ၏။ နောက်ပြီး အိပ်ယာပေါ်က ထထိုင်ဖို့ကြိုးစားသည်နှင့် ခေါင်းကမိုက်ခနဲ။

ဒုန်း!

''ရွက်နွံ''

ကိုယ့်နာမည်ကြားမှ ခေါင်းကိုနည်းနည်းထောင်နိုင်သည်။ မမျှော်လင့်ထားသည့်အသံမို့ ခေါင်းမူးနေရက် ပိုရှုပ်သွားမိသေး၏။

''လာပြီ...လာပြီ''

ဘယ်အချိန်လာနှိုးနှိုး ပုံမှန်အိပ်နေကျအချိန်တွေထလာရင် အပြင်ဘက်ကလူကိုအားနာပြီး အိပ်ယာကအမြန်ထပြီး မသိစိတ်နဲ့ ချက်ချင်းပြေးသွားတတ်သည်။ အခု မျက်စိရှေ့ကတံလားဆီကိုပင် အကြာကြီးသွားနေရသည်ဟုခံစားရ၏။ မူးတာလား၊ ကိုက်တာလားမဝေခွဲနိုင်အောင် ခေါင်းကပြင်းထန်သည့်ဝေဒနာကိုခံစားနေရသည်။ အိပ်ယာဆီကနေ ဒယိမ်းဒယိုင်းထလာခဲ့ပြီး တံခါးဖွင့်လိုက်သည်နှင့် လူတစ်ကိုယ်လုံး ခွေလဲကျသွားခဲ့၏။

''ဟိတ်''

သြရှသည့်သူ့အသံကို အခုထိ ကြားယောင်နေဆဲဖြစ်လိမ့်မည်။ အရင်ကမမြင်ဖူးခဲ့သည့် မဲ့ပြုံးတွေ၊ ငြင်းဆန်စကားတွေသာ အာရုံထဲမှာ တရစ်ဝဲဝဲရှိနေခဲ့သည်။

''ဟိတ်...သတိထားဦး၊ မင်း ဖျားနေတာလာ''

နီရဲမို့တက်နေသည့်မျက်နှာလေးနှင့် တစ်ကိုယ်လုံးက မိုက်ရင်ခွင်ထဲမှာပူကျစ်နေသည်။ ပြီးတော့ နားထင်နှစ်ဖက်ကို လက်နဲ့ဖိထားရင်း

''အင်း ခေါင်းတွေအရမ်းကိုက်တယ်''

မျက်နှာလေးကိုရှုံ့မဲ့ရင်း မျက်လုံးတွေမဖွင့်ဘဲ ခေါင်းညိတ်ဖြေသည်။ မိုက် ရွက်နွံကိုယ်လေးကို ပွေ့ချီလိုက်ကာ

''ရှင်းရန်''

''ကျွန်တော်တို့ ဆေးခန်း...''

''အင်း သွားမယ်...အနီးဆုံးဆေးခန်းသွားကြရအောင်''

ကိုယ့်ရင်ဘတ်ထဲ ခဏဝင်ကြည့်Where stories live. Discover now