'' အရမ်းနာနေမှာပဲ''
အချိန်အတော်ကြာငိုပြီးမှ တိုးဖျဖျဆိုလာသံ။
ရင်ခွင်ထဲကနေ သူ့မျက်နှာကို အသာမော့ငေးရင်း မဝံ့မရဲထပ်ကြည့်ကာ
''အကျီ်ချွတ်လိုက်ပါလား''
သူ့ မျက်ခုံးတွေမြင့်သွားတာကိုမြင်တော့ ပါးပြင်တွေ နဂိုထက်ပိုရဲသွားပြီး
''ဟို...ဒဏ်ရာ...ကိုက်လိုက်တဲ့အနာကိုကြည့်ချင်လို့ပါ''
ရင်ခွင်ထဲက ခွာပြီး ပျာပျာသလဲရှင်းပြရှာသည်။ မိုက် အသာပြုံးမိပြီးမှ စားပွဲပေါ်က တရှူးစဆွဲယူလိုက်ပြီး အခုမှ အငိုတိတိတ်ထားသူနား ပြန်ထိုင်လိုက်ကာ
''ငိုလို့ဝပြီလား''
ပါးပြင်တွေကို ဖွဖွသုတ်ပေးတော့ အသာငြိမ်ခံနေကာ ဘာမှပြန်မဖြေ။ သူ့လက်မောင်းလှုပ်ရှားရာကို လိုက်ကြည့်ရင်း
''တောင်းပန်ပါတယ်၊ စောနက စိတ်လွတ်ပြီး မဆင်မခြင်ကိုက်မိသွားတာ၊ အသားပေါက်သွားလားမသိဘူး၊ ပြကြည့်ပါလား''
''အဲ့လောက် ဒဏ်ရာလေးနဲ့ ကိုယ်ဘာမှမဖြစ်ပါဘူး၊ ဒါပေမဲ့ မင်းကြည့်ရမှဆို...''
ပြောရင်းဆိုရင်း ကြယ်စိတွေဆွဲဖြုတ်ပစ်လိုက်တော့ စိတ်ထဲကျေနပ်သွားသလို ခေါင်းအသာညိတ်သည်။ သို့ပေမဲ့ ကိုက်ထားတဲ့နေရာပေါ်အောင် အကျီ်ရင်ဘတ်တခြမ်းထိ ဆွဲချွတ်လိုက်တော့ မျက်လုံးတွေဟာ ဝိုင်းခနဲ။
တစ်ခါတလေ အောက်မှာစွပ်ကျယ်သားတစ်ထည်ခံဝတ်တတ်ပေမဲ့ ဒီနေ့ တော့ ဝတ်မထားမိ။ မျက်လုံးလွှဲရလောက်အောင်ထိ ရင်အုပ်တွေသန်မာတာကို ကိုယ့်ဘာသာသိသည်။ ကျန်းမာရေးလိုက်စားရုံကလွဲပြီး ဘာရည်ရွယ်ချက်မှမရှိခဲ့။ မဝံ့မရဲနဲ့ ရှက်သွားကာကျမှ ကောင်းတာထက်ပိုလွန်တဲ့အချက်အဖြစ် စိတ်ကျေနပ်မိသလို ရှက်နေသူကိုလည်း ပိုခြိမ်းခြောက်ချင်မိသည်။
''ဟိတ် ကြည့်ချင်တယ်ဆို၊ ကိုယ့်ဒဏ်ရာက ခြေထောက်မှာ မဟုတ်ဘူး''
''မကြည့်....သက်သာတယ်ဆို မကြည့်တော့ပါဘူး''
''ကြည့်ရမှာပေါ့၊ မင်းစိတ်ဆိုးပြီး ဘယ်လောက်ထိကိုက်ထားလဲ၊ တကယ်တော့ အဲ့နားက အခု တော်တော့နာနေတာ၊ အဆိပ်လား၊ သွားဆိပ်ဆိုတာမျိုး မိသွားတယ်ထင်တယ်''
YOU ARE READING
ကိုယ့်ရင်ဘတ်ထဲ ခဏဝင်ကြည့်
Romanceကိုယ့်ရင်ဘတ်ဖတ်တဲ့လူတွေလည်း အားနာပါတယ် ဝင်ကြည့်ရတာ မောရော့ပေါ့။ Royal-Dတော့မသောက်ခိုင်းတော့ပါဘူး။ ဟဲ...ချစ်လို့စတာပါ။ တစ်နှစ်တစ်ခါupdateပေါ့။