APCY 18

282 61 7
                                    

Unicode -

" တောတ် "

ရှင်းလင်းလက်စ မြေအောက်ခန်းအိုကြီးက
သူ့တောက်ခေါက်သံကြောင့်
ဟိန်းထွက်သွားပေမယ့်
Chanyeol စိတ်ကိုမလျှော့မိ..

ဒီ တံမြက်စည်းက
ဘာလို့များ..

" ဟာကွာ .. "

ဘေးနားကအစောင့်တချို့က
အချင်းချင်း ငြိနေတဲ့
တံမြက်စည်းနှစ်ခုက စိတ်ရှည်လက်ရှည်
လာဖြည်ပေးပေမယ့်
Chanyeol ဒေါသကထိန်းမရနိုင်..

ဘာကိုမှမကြည်တဲ့စိတ်က
ရူးသွားတော့မလို
သူ့ကိုယ်ထဲတောက်လောင်နေတာမလို့
အလုပ်ပြီးအောင်သာအမြန်လုပ်လိုက်ရင်း
နားချိန်မှာ အလုပ်ခန်းထဲပဲ အောင်းနေမိတယ်။

ညနေစောင်းမို့လို့ နံရံထက်ကသံတိုင်ကြားထဲကနေ
​ကျနေတချို့က ဖြာကျနေတာ ကွက်တိကွက်ကျား
ပြီးတော့ ဒီတစ်ပတ်လဲ ရောက်လာပြန်တဲ့
Yixing ရဲ့စာ..

သုံးစောင်တောင်ရှိနေပြီ။

ဘာတွေများ မကုန်နိုင်မခမ်းနိုင်
ပြောဦးမလို့လဲလေ။

ပထမအပတ်

// အော.. Chanyeol
ငါ ဟိုကောင်တွေကိုမိပြီ
ကားတိုက်ပြေးတဲ့ကောင်တွေ ..
အရပ်သားတွေပဲကွ.. သူတို့တမင်လုပ်တာ
မဟုတ်ဘူးလဲပြောသေးတယ် //

သာကြောင်းမာကြောင်းနဲ့
နှစ်သိမ့်စကားတချို့..

ဒုတိယအပတ်

// . . . ဒါနဲ့ ဟိုလူတွေကို ငါဒီတိုင်းထားထားရမလား
မင်းအပြင်ရောက်မှ မင်းလက်နဲ့ပဲ ... //

နှစ်သိမ့်စကားတချို့နဲ့ အရင်အပတ်က
မပြီးသေးတဲ့ သူ့ဇာတ်လမ်း..

ဆက်မဖတ်ပဲ
လုံးချေပစ်လိုက်တဲ့ စာရွက်က
အခန်းထောင့်မှာ အံဝင်ခွင်ကျ..

" ကျစ်.. စောက်ရေးမပါတာတွေလုပ်နေတယ် "

ပြီးတော့ အခု အပတ်မှရောက်လာတဲ့ စာ
အရည်မရအဖတ်မရတွေကို ကျော်သွားလိုက်ရင်း
တစ်နေရာရောက်တော့..

// . . . ငါမင်းကိုပြောစရာရှိတယ်..
မင်း Appa လေ.. သူမသေသေဘူး
သူက ___ ဆေးရုံမှာ.... //

ခုနကလိုပဲ အလားတူစွာ
လက်ထဲကစာရွက်ကိုလုံးချေလိုက်ပြီး တစ်နေရာရာကို
ပစ်လိုက်မိတယ်။

A Poem Called YouWhere stories live. Discover now