APCY 5

363 62 14
                                    

Unicode -

သူနဲ့ကျွန်တော် ကြားမှာ ဘာရှိသလဲ။

ပြောရရင်တော့ ဘာမှမရှိဘူး။
ဒါပေမဲ့ သူမလိုချင်မှန်းသိရက်နဲ့
ပေးဖို့ကြိုးစားမိတဲ့ ကျွန်တော့် ခံစားချက်တချို့ရှိတယ်။

ရင်ခုန်တာ ကြည်နူးတာထက် သာလွန်တဲ့
အခြေအနေတစ်ခု က ရမ္မက်တဲ့။
ကျွန်တော်တို့ကြားထဲမှာ ရှိသယောင်ထင်ရပေမဲ့
တကယ်မရှိတဲ့အရာတစ်ခုပါ။

Hyung ရဲ့ ဆန္ဒတချို့က ကျွန်တော်နဲ့ကလွဲပြီး...

" ဝိုး.. မင်း Score ကို မင်းပြန်ချိုးနေပါလား
Chanyeol "

Target မှာ နှလုံးတစ်နေရာပဲစုနေတဲ့
ကိုယ့်ပစ်ချက်တွေကိုကြည့်ရင်း
အူထွက်နေတဲ့ နားကိုခပ်ဖွဖွအုပ်ထားတော့
နားထဲကြားရတဲ့ ချီးကျူးသံ

" ခင်ဗျား ညနေစာ
ကျွန်တော်ဝယ်ကျွေးမယ် John "

" Kris သာကြားရင် ငါ့ကို အလုပ်ထုတ်ပစ်မယ်ထင်တယ် "

" ဒီလိုလစာနည်းနည်းပဲပေးတဲ့ သူဌေးဆီမှာ
ခင်ဗျားမို့လို့ဆက်လုပ်နေသေးတယ် "

သူပိုင်တဲ့သေနတ်ပစ်ကွင်းမှာ
ကျည်တချို့ဖြည့်ရင်း မန်နေဂျာ Johnကို
သူ့မကောင်းကြောင်းတွေပြောနေမိတယ်။

" မင်းတော့ရိုက်ခံရတော့မယ် "

" ဟားဟား.. ကျွန်တော်သာဆို
သူထုတ်ရင် ပျော်ပျော်ကြီးထွက်လိုက်မှာ "

မဖြစ်နိုင်တာကို ဟာသလုပ်ရင်းပြောမိတယ်။
ခင်ဗျားကြားလား John
အဲ့တာ ကျွန်တော်လိမ်တာ။

ကျွန်တော်ထွက်မသွားနိုင်ဘူး။
သူနှင်ထုတ်ရင်တောင်မှ

ကျွန်တော့်ကိုချည်ထားတဲ့ သူ့ကြိုးတွေ
ဘယ်လောက်မြဲသလဲ ကျွန်တော်ပဲသိတယ်။

သူ့လက်ထဲမှာ ကြိုးစရှိမနေဘူး။
ဒါပေမဲ့ ကျွန်တော်ကတုပ်ပြီးနှောင်ပြီးသား
အခြေအနေတစ်ခုမှာ။ လှုပ်မရပြုမရ။

ဒီလိုပျော့ညံ့တဲ့ကောင်က
ဘယ်လောက်ပဲ လေတွေကျယ်ကျယ်
သူ့ကိုတော့မထားခဲ့နိုင်ဘူး။

" ကိုယ်တော့မထင်ပါဘူး "

" Hyung "

နောက်ကနေဘယ်ကဘယ်လိုရောက်လာမှန်းမသိတဲ့သူက
တပ်ထားတဲ့နားကြပ်ကို ဖြုတ်ပြီးနေပြီ။
သေနတ်ကိုင်ထားတဲ့ ကျွန်တော့်လက်တွေပေါ်
အုပ်မိုးလာတဲ့ သူ့လက်တွေ။

A Poem Called YouWhere stories live. Discover now