Unicode -
" ဒါဆို Kim Jong In ကဘယ်လိုလုပ်ချင်တာလဲ "
ပြေရာပြေကြောင်းပြောနေပေမယ့်
အခုထိ ကြည်ပုံမရတဲ့
ရှေ့ကလူကို Jong In ဘာမှမာကြောမပြနိုင်။ကိုယ်ကိုယ်တိုင်ကလဲ ကြံရာပါပဲမလို့
သူဟာလည်း ကိုယ့်ရဲ့ဆန့်ကျင်ဘက်ကလူဆိုပေမယ့်
နှစ်ယောက်စလုံး Chanyeol ကို မထိခိုက်စေချင်တာတော့တူကြတာပဲလေ။" Sehun က တားလို့ရမှာမဟုတ်ဘူး
ကျွန်တော်ကလည်း တားမှာမဟုတ်ဘူး
ဒါပေမဲ့ အဲ့ဒီ File တွေ
Chanyeol မျက်စိရှေ့မရောက်ခင်
ကျွန်တော် သူတို့ဆက်ဆံရေးကိုဖြတ်ပေးလို့ရတယ် "" ဘယ်လို "
" Sehun ကြံနေတာတွေကိုသာ
ကျွန်တော်ကကြိုပြောထားလိုက်ရင်
Wu Kris မျက်နှာပဲကြည့်တဲ့ သူက
ဘယ်ဘက်ကိုလိုက်မယ်ထင်လို့လဲ "" ကိုယ်သဘောပေါက်ပါတယ် မင်းအစီအစဥ်ကို
ဒါပေမဲ့ Chanyeol က
လွယ်လွယ်ယုံတတ်တဲ့သူမဟုတ်ဘူး "Zhang Yixing ဒီလိုစစ်ကြောလာမယ်ဆိုတာ
ကြိုတင်ခန့်မှန်းမိပြီးသားမလို့
Jong In ထိုင်နေရာကနေ ကျောကိုပိုမတ်လိုက်တယ်။" ကျွန်တော် ကိုယ်တိုင်ကပါ
Sehun ရဲ့အကြံအစည်တွေထဲပါဝင်နေတယ်ဆိုရင်
သူအဲ့ဒီလို ယုံသင့်မယုံသင့်ဝေဖန်ပိုင်းခြားနိုင်မှာမဟုတ်တော့ဘူးလေ "" မင်းပြောတာက ... "
" ကျွန်တော်က နဂိုကတည်းက
သူ့ရန်သူဖြစ်နေရမှာပါ.. ဒီခင်မင်မှုကိုပါ
လုပ်ကြံမှုသက်သက်အနေနဲ့နားယောင်သွားရင်
ခင်ဗျားအတွက်ပိုလွယ်ပါလိမ့်မယ် "Sehun ကိုသစ္စာဖောက်မိသလိုဖြစ်နေပေမယ့်
သူ ဒီလိုလုပ်မှရမယ်။ သူသာ ငြိမ်နေခဲ့ရင် Chanyeol..
အဲ့ကောင်ကိုသူခင်တာမကြာသေးတဲ့ကာလအတွင်း သူနဲ့ Chanyeol ဆိုးတူကောင်းဖက်အခြေအနေမျိုးတွေဖြတ်သန်းခဲ့ရတာ။ ငယ်ငယ်ထဲက စစ်မှန်တဲ့အပေါင်းအသင်းဆိုတာ ဘာမှန်းမသိတဲ့ Jong In အတွက် Sehun ပြီးရင် ပထမဆုံးပဲ စိတ်ရင်းနဲ့ဆက်ဆံပေးခဲ့တဲ့လူတစ်ယောက်။ သူကသာ အကြံအစည်နဲ့...ငါတောင်းပန်ပါတယ် Chanyeol မင်းသိလို့မဖြစ်တဲ့..
မင်းသာသိရင် ရူးလောက်အောင်နာကျင်ရမယ့်
အမှန်တရားတွေကို ငါအတတ်နိုင်ဆုံးတော့ ဖုံးကွယ်ထားရမှာပဲ။
YOU ARE READING
A Poem Called You
FanfictionDO YOU REALLY WANT TO HURT ME DO YOU REALLY WANT TO MAKE ME CRY