APCY 17

258 56 16
                                    

Unicode -

" မင်းတော့ ငါ့ကိုအကြွေးတင်နေပြီ "

" ခင်ဗျား လိုချင်တာပြောပါ
ကူညီဖို့အသင့်ပဲ "

" မလိုသေးပါဘူး Kris ရာ
သွားလို့ရပါပြီ "

ဟိုနေ့ကတည်းက
အခြေအနေကိုရိပ်မိတဲ့ တာဝန်ရှိသူက
Chanyeol နဲ့ ကိုယ့်ကို တစ်ခန်းထဲ
ထားလိုက်တာမလို့

အထဲကကောင်တွေက
မကျေနပ်တာသိပေမယ့်
ဘာမှတော့ဝင်မပြောရဲကြ..

Kris ဒီထဲကနေ Chanyeol ကို
ရတဲ့နည်းနဲ့ အမြန်ဆုံးထုတ်ပေးချင်တာပဲသိတယ်။
ဒီလို မသတီစရာကောင်းတဲ့နေရာမှာ
အဲ့ဒီကောင်လေး ခြေချနေတာ
ရက်တော်တော်ကြာနေတဲ့အပြင်
လိုတာထက်ပိုပြီး မာကျောသွားမှာကိုလဲသူမလိုချင်။

ဟိုနေ့ကကိစ္စအပြီး
စကားသေချာမပြောဖြစ်သေးပေမယ့်
ထမင်းစားချိန် အလုပ်ချိန် နားချိန် အချိန်တိုင်း
Chanyeol ဟာ သူ့နားပဲကပ်နေတတ်တာမလို့
ဒီပတ်ဝန်းကျင်မှာ Kris သူ့ကို ထပ်ထားလို့ကိုမဖြစ်ပါ။

ကြည့်နေတဲ့ မျက်လုံးပေါင်းထောင်ချီက
သူသာမရှိရင် Chanyeol ကို
ကလေးကစားစရာအရုပ်တစ်ရုပ်လို
ဝိုင်းပြီးထိုးနှက်ကြမယ့် သဘောတွေ။

" တောတ်.. မင်းကွာ "

" ဘာဖြစ်လို့လဲ "

" ဘာလို့ဒီထဲကိုဝင်လာရတာလဲ "

" ကိုကို့ကိုချစ်လို့လေ "

စိတ်ပျက်မှုအတိုင်းသား
ပေါ်လွင်နေမယ့် သူ့မျက်နှာကို သူမပြင်ချင်..
ဒီကောင်လေး သိပ်ဆိုးလွန်းတယ်မဟုတ်လား။

" အဲ့ဒီလိုမမိုက်စမ်းနဲ့ Chanyeol
မင်း မစဥ်းစားတတ်ဘူးလား "

ကရုဏာဒေါသောတချို့နဲ့
ငေါက်ငမ်းမိတော့
ခပ်ရွှင်ရွှင်မျက်နှာလေးနဲ့
ပွေ့ဖက်လာတဲ့ သူ့လက်တွေ..

" အင်းပါ.. နောက်ဆိုဆင်ခြင်ပါ့မယ် "

အူမြူးသံနဲ့ပြောလာတဲ့
Chanyeol ကို သူနားမလည်နိုင်တော့..
ဒါက ရယ်နေရမယ့်အချိန်လားကွာ။

" မင်းဒီထဲက ထွက်ရမယ်
မဟုတ်ဘူး.. ဘာပဲဖြစ်နေပါစေ
အမြန်ဆုံး ထွက်ရမယ် "

A Poem Called YouWhere stories live. Discover now