APCY 6

399 68 14
                                    

Unicode -

သူ့လှုပ်ရှားမှုတွေရပ်လိုက်တဲ့အခါ
အားလုံးတိတ်ဆိတ်သွားတာ။

နားစည်ကိုလာရိုက်တဲ့ တစ်ခုတည်းသောအသံက
ကျွန်တော်တို့နှစ်ယောက်ရဲ့ ဝင်သက်ထွက်သက်
ရှိုက်သံတွေပဲ။

ကျွန်တော့်ဘေးကိုပြိုကျလာရင်း
ကိုယ်ကိုပြန်ပြင်လို့ ကျွန်တော့်ကိုရင်ခွင်ထဲပွေ့ထားတဲ့သူ
ကျွန်တော့် Hyung

အာသီသပြင်းပြစွာ သူ့ရင်ဘတ်တွေကို
နမ်းရှိုက်နေဆဲ ကျွန်တော့်ကို သူ့သဘောက
ခွေးပေါက်လေးတစ်ကောင်ကို
လုပ်ချင်ရာလုပ်ခွင့်ပေးထားတဲ့အတိုင်း
ကျွန်တော့်ဆံပင်လေးတွေဖွရင်း အမောဖြေနေတဲ့သူ။

တအောင့်အကြာမှာတော့
တော်ရုံစိတ်ရှုပ်မခံတတ်တဲ့သူက
ကျွန်တော့်ကို လှုပ်မရအောင် ချုပ်ပြီး
ငြိမ်ငြိမ်နေဆိုတဲ့သဘောနဲ့ ပါးတွေကိုဖြစ်ညှစ်လာတယ်။

" အရူးလိုပဲ မင်းက "

" ကိုကို့ ကိုချစ်လို့လေ "

သူ့ရင်ဘတ်ပေါ်ကျွန်တော်နားလေးအပ်နေရင်းမှ
သတိကြီးကြီးနဲ့ဆိုလိုက်မိတဲ့စကားတစ်ခွန်း။

ဘုရားသခင်..

ကျွန်တော်ကြားရတဲ့ ရင်ခုန်သံတဒိတ်ဒိတ်က
ပုံမှန်ထက် အဆမတန် တိုးလို့မြန်လို့ခုန်နေတယ်။

ဒါဆို.. Hyung က

" ဟက်.. "

ကျွန်တော်အလန့်တကြားကြည့်မိတဲ့
သူ့မျက်ဝန်းတွေက အမှောင်ထဲမှာတောင်
ပြတ်သားပြီး အေးစက်လိုက်တာ။

သူဆိုတာအဲ့လိုလူ။
စကားလို့တောင်ဆိုမရတဲ့ ခနဲ့သံတစ်ခုတည်းနဲ့တင်
ကျွန်တော့်ဟာ သိမ်ငယ်လာမိတယ်။

ခင်ဗျား အတန်တန်လွှင့်ပစ်နေတဲ့ကြားထဲက
ကျွန်တော့် နှလုံးသားကို ကျွန်တော်ပြန်ကောက်ပြီး
အခါခါဆက်သမိတာ Hyung

ခင်ဗျား လျစ်လျူရှုတာတွေရော

ပစ်ပယ်တာတွေရော

နင်းချေပစ်လိုက်တာတွေရော

အကုန်လုံးကို ကျွန်တော် သိမ်းကျုံးခံလို့
ရတဲ့နည်းနဲ့ရအောင် ကျွန်တော့်ခံစားချက်တွေကို
မထိမခိုက်ရအောင် သိမ်းထားခဲ့ပါတယ်။

A Poem Called YouWhere stories live. Discover now