APCY 20

292 57 4
                                    

Unicode -

" Kevin.. မင်း "

သူ့လက်ချက်ကြောင့်
နှုတ်ခမ်းထောင့်မှာ သွေးစို့နေတဲ့
Kevin က တောင်းပန်တဲ့အကြည့်တို့နဲ့..

ပြောင်းလဲလာတဲ့စိတ်တို့မှာ
သူ Chanyeol နဲ့ပတ်သက်လာရင်
နည်းနည်းမှအထိမခံနိုင်တော့တာ

သူ့ကိုယ်သူပြီးရင်
Kevin အသိဆုံးမဟုတ်လား။

" Kris တော်တော့..
Chanyeol က သက်သာလာမှာပါ "

အရင်က အဲ့ဒီကောင်လေး
သေသေကြေကြေ မျက်နှာလွှဲခဲပစ်
ပစ်ထားနိုင်ခဲ့တဲ့ သူ့ကို Yixing က အံ့သြတကြီးနဲ့
လာထိန်းပေမယ့် သူလက်မခံနိုင်..

" ဟင့်အင်း မဟုတ်ဘူး
မင်းတို့ မသိဘူး.. "

Chanyeol ဘယ်လိုဖြစ်နေလဲဆိုတာ
သူအသိဆုံးပဲ..

Chanyeol..
သူ့ကို မုန်း နေ ပြီ..

" တောင်းပန်ပါတယ် Kris "

" မဟုတ်ဘူး.. ငါမှားတာပါ
ငါက ထပ်ပြီး "

အားလုံးကို ခြုံကြည့်လိုက်ရင်
တရားခံက သူပဲမဟုတ်လား။

" မင်းထင်သလိုပါပဲ
အစာအိမ်က အစာပြည့်နေတော့
ဆေးရုံရောက်တာ အချိန်မှီသွားတယ်ပြောရမယ် "

ခွဲခန်းထဲကထွက်ပြီး
မေ့ဆေးရှိန်ပြယ်လို့
သတိရလာတောင်
Kris သူ့ကိုသွားမတွေ့ရဲခဲ့..

Kevin ကိုသာ လွှတ်လို့်တာမလို့..

" ငါစကားပြောကြည့်ရသလောက်
ကျန်တာအကုန် စိတ်ကျရောဂါလက္ခဏာဆိုပေမဲ့
သူက မင်းအကြောင်းဆိုရင်
စကားလမ်းကြောင်းလွှဲလွှဲပစ်တယ်
ပြီးတော့.. မင်းကို "

" ရပြီ.. "

" Kris "

" သိပြီမို့လို့.. မင်းတို့သွားတော့
လိုအပ်ရင် ခေါ်လိုက်မယ် "

အခန်းရှေ့မှာတင်
ရှေ့ဆင့်နောက်ဆင့်ထွက်သွားတဲ့
ကျောပြင်နှစ်ခုအဆုံးမှ

သူသက်ပြင်းချလိုက်မိတယ်။

နိုးနေပြီဖြစ်တဲ့
သူ့ကိုတွေ့ရင် ဘာ စ ပြောရမလဲ
အသည်းအသန်စဥ်းစားပေမဲ့
ခေါင်းက ဗလာ..

" Chanyeol "

" ချုပ်ရိုးက နာနေလား
ဆေးစပြယ်နေပြီဆိုတော့ "

A Poem Called YouWhere stories live. Discover now