APCY 21

286 51 5
                                    

Unicode -

ဝိုင်တစ်ပုလင်းဆွဲပြီး
ဆောင်းတွင်းချမ်းချမ်းစီးစီးထဲ
ရှေ့က ရေကန်ထဲ ဒိုင်ဗင်ထိုးသွားတဲ့
အဖျားပျောက်ခါနီး လူနာကို
Kris အပေါ်ထပ်ကနေကြည့်နေမိတယ်။

Park Chanyeol..
ဟုတ်သားပဲ.. သူက သေချင်နေတာ

" Yixing .. ငါ့အတွက်
ဗီးဂတ်စ်ကို Ticket ဖြတ်ထားလိုက်.. "

" ... "

" တစ်စောင်ပဲ.. ပြီးတော့
အသွားတစ်ကြောင်းပဲ "

လက်ထဲကစာချုပ်တချို့ကိုကြည့်ပြီး
စားပွဲပေါ်က Yixing ဆီကရတဲ့
ထိုကလေး နာရီလေးနဲ့ သူပေးထားတဲ့
လက်စွပ်ကလေးကိုပါ ကြည့်မိရင်း
သူ ခပ်လေးလေးပြုံးလိုက်မိတယ်။

ကိုရီးယားမှာ သူပိုင်ဆိုင်သမျှအကုန်
Chanyeol နာမည်နဲ့လွှဲပေးထားတာ..
မယူမှန်းလဲသိနေတာမလို့
အဲ့ကောင်လေးသဘောကျတဲ့ ဆေးရုံတွေမှာ
လှူဖို့အထိ ပြင်ပြီးနေပြီ။

ကိုယ်တို့ .. အဆုံးသတ်ကြတာပေါ့ Chanyeol

" တက်ခဲ့တော့ "

" ရေစိမ်ချင်သေးတယ် ကိုကို "

ရှုတည်တည်ပြောလာတဲ့ ကောင်လေးက
လက်ထဲမှာ ဝိုင်ခွက်ကလေးလှုပ်ကာလှည့်ကာနဲ့..
နှုတ်ခမ်းပါးတို့တုန်ယင်နေပြီး မေးရိုက်သံနဲ့..

Kris ဆွယ်တာကိုချွတ်ပစ်လိုက်တော့
လေတချက်အဝှေ့မှာစိမ့်ခနဲအေးသွားတဲ့အအေး..

ဒီလို အေးပုံမျိုးနဲ့ဆို
Chanyeol မှာ pneumonia ပါဝင်သွားနိုင်တယ်။

ဒါပေမဲ့လဲ..

" ကိုကို .. ဘာလုပ် "

" မင်းရေစိမ်မယ်ဆို "

ရေကန်အလယ်မှာ အေးလွန်းလို့
မလှုပ်ပဲ နေနေတဲ့ သူ့ဆီကို
ကူးသွားလိုက်ရင်း Kris သူ့ကိုဖက်ထားလိုက်တော့

အသံတွေတင်တုန်နေတာမဟုတ်ပဲ
တစ်ကိုယ်လုံးတုန်နေတဲ့ ကိုယ်ကလေး..

" ကိုယ့်နားကိုတိုး
ချမ်းနေတယ်မလား "

ပြောသာပြောရတယ်
သူကိုယ်တိုင်လဲ စတင်ပြီး အေးလာတာ
အတိုင်းမသိ..

ခေါင်းမာတတ်တဲ့ကောင်လေးကို
သူ ဘယ်တော့မှ ဖျောင်းဖျလို့ရမှာမဟုတ်မှန်း
သိနေတာကြောင့် သူနဲ့အတူ လိုက်ပြီး
ရူးမိုက်ဖို့ပဲရှိတော့တာ..

A Poem Called YouWhere stories live. Discover now