APCY 22

316 52 5
                                    

Unicode -

ရုန်းထွက်သွားတဲ့ လက်တွေကြောင့်
Kris ခေါင်းမော့ကြည့်မိတော့
မျက်စိကိုတင်းတင်းမှိတ်ထားတဲ့ သူက
လွတ်သွားတဲ့လက်တွေနဲ့ နားတွေကိုပါပိတ်ပစ်ရင်း..

" မငိုနဲ့လို့ !!!! "

" ကလေး "

" ဟင့်အင်း "

" ဟေ့.. မျက်လုံးဖွင့်စမ်း "

တစ်ကိုယ်လုံးအားနဲ့ ရုန်းနေတာမလို့
Kris သူ့ကို ချုပ်ထားရတာ မသက်သာ..

အသိစိတ်မရှိတော့သလို အော်ဟစ်နေတဲ့ကောင်လေးကို
ထိန်းဖက်ထားရင်း သူ့ရင်တွေကွဲနေသလိုမျိုး။

" လွှတ်ပေး.. လွှတ် "

ကျောကိုခပ်ဖွဖွပုတ်ပေးပြီး ခဏအကြာမှာ အသက်ရှူသံမမှန်သေးပေမယ့် ခုနကလောက်သောင်းကျန်းချင်တဲ့အရိပ်အယောင်မျိုးတွေမတွေ့ရတော့။

တိတ်ဆိတ်သွားတဲ့အခန်းထဲ အသက်ရှုသံတစ်ခုပဲ ကျယ်ထွက်နေသလို အချိန်တစ်ခုလောက်အထိ အကြည့်ချင်းဆုံမိတဲ့ မျက်ဝန်းတွေမှာမျက်ရည်စတွေက ဝေ့သီနေတုန်း။

" Chan... "

အဲ့ဒီ တုန်ယင်နေတဲ့နှုတ်ခမ်းပါးတွေက သူ့နှုတ်ခမ်းကိုလာထိတွေ့တာ နူးနူးညံ့ညံ့နဲ့ ပြင်းရှရှ။

အားသုံးထားတာမလို့
အပူငွေ့နွေးနွေးထွက်နေတဲ့
ဆံပင်တွေကိုပါ နမ်းရှိုက်ရင်း..
အတောမသတ်နိုင်စွာ..

သူ.. နေရာတွေကျူးကျော်မိတယ်။

လက်ထဲကိုအသာတကြည်ပါလာတဲ့
Hoodie အပြာရောင်ကလေးကို ဖယ်ခွာပစ်လိုက်တော့..
ဝင်းခနဲပေါ်လာတဲ့ အမာရွတ်တစ်ချို့နဲ့
သူထွေးဖက်နေကျ ကိုယ်လုံးလေး..

ရင်ဘတ်ဆီမှာ နှုတ်ခမ်းတွေနဲ့
ပြေးလွှားကူးလူးတော့ ထွက်လာတဲ့ညည်းသံသဲ့သဲ့က
ကိုယ်ထဲရှိသမျှအားတွေစုပ်ယူသွားသလိုမျိုး..

ထပ်ပြီး နယ်ချဲ့မိတဲ့
အရင်လို ကြွက်သားတွေနဲ့ပြည့်မနေတော့တဲ့
ခါးသိမ်သိမ်တို့က ပိုပြီးသေးသေးလျလျနဲ့
လက်ထဲတပွေ့စာ..

သူအရင်က ချီသယ်ဖို့တောင်မနိုင်ခဲ့တဲ့ ကောင်လေးက
အခုတော့ ဟိုးနှစ်တွေတုန်းက အချိန်တစ်ခုအထိရှိခဲ့ဖူးတဲ့ချာတိတ်လေးလိုပဲ နုဖတ်ပျော့ပျောင်းနေတယ်။

A Poem Called YouWhere stories live. Discover now