Unicode
Nie AnAn တစ်ယောက် နေ့လည်ခင်းက Nie မားမားနှင့်ဆွေးနွေးခဲ့သည့် ကိစ္စကိုပြန်တွေးရင်း အာရုံများနေလေသည်။ ထို့ကြောင့် ဟင်းရည်ဇွန်းကိုင်ထားသည့်လက်မှာ ပါးစပ်နှင့်မတည့်ဘဲ ဘေးကိုတိုက်မိကာ သူမ မျက်နှာကိုဟင်းရည်များ ဖိတ်စင်သွားတော့သည်။
နေရာမှ သွက်သွက်ကလေးထကာ လက်သုတ်ပဝါယူရန် ပြင်လိုက်စဉ်တွင် သူမနှင့်မျက်နှာချင်းဆိုင်တွင် ရှိနေသည့် Huo YanXiao ၏လက်ထဲတွင် tissue ကိုင်ထားပြီဖြစ်ကာ ဟင်းရည်ပေနေသည့် သူမ မျက်နှာကို ညင်ညင်သာသာ သုတ်ပေးတော့သည်။
စစဖြစ်ချင်း Huo YanXiao ဘာမှ သတိမထားမိသော်လည်း သူမ ပါးပြင်နုနုကလေးနှင့် သူ၏လက်ချောင်းထိပ်ကလေးများကြား ခြားထားသည့် tissue အလွှာပါးပါးလေးမှတစ်ဆင့် နူးညံ့သည့်အထိအတွေ့များကြောင့် သူ့တစ်ကိုယ်လုံး လျှပ်စစ်လှိုင်းများ ရိုက်ခတ်ခံလိုက်ရသကဲ့သို့ ခံစားမိသွားသည်။
အနည်းငယ်စိတ်လှုပ်ရှား ရန်ခုန်နေသည့် ကိုယ့်စိတ်ကိုယ်ပြန်ထိန်းပြီးချိန်တွင် သူမ မျက်နှာတစ်ခုလုံးကို သန့်စင်ပြီးသွားပြီဖြစ်သည်။ သို့သော် သူမ ပုံစံလေးက သူ့အား တစ်ခုခုပြောလိုဟန် ရှိနေလေသည်။ နောက်ဆုံးတွင်
"ကိုကြီး"
ဟူ၍ သူမထံမှ ခေါ်သံတိုးတိုး ထွက်လာတော့သည်။
"ဒီနေ့ Nie အိမ်တော်မှာ အန်တီ Nie နဲ့ စကားပြောဖြစ်တော့ ကိုယ့်မိဘရင်းတွေနဲ့ မတွေ့ချင်ဘူးလားလို့ ညီမလေးကို သူမေးတယ်။"
ရုတ်တရက်ပြောလာသည့်အတွက် Huo YanXiao ခေတ္တငြိမ်သက်သွားပြီးသည့်အခါ သူမ ဘာကိုဆိုလိုချင်သည်ကို သူရိပ်မိလိုက်သည်။
တွက်ထားခဲ့သည့်အတိုင်းပင် သူမ အား Nie မိသားစုနှင့် တွေ့ရန် လမ်းကြောင်းပျိုးပေးလိုက်သည်နှင့် တစ်ဖက်မှစလှုပ်ရှားလာတော့သည်။ သို့သော်လည်း ကိစ္စများက ယခုလောက် မြန်မြန်ဆန်ဆန်ဖြစ်လာမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
"AnAn ကရော သူပြောတာကို ဘယ်လိုသဘောရလဲ။"
"အာ... ဖြစ်နိုင်ရင်တော့ မိဘရင်းတွေနဲ့ ညီမလေးလည်း တွေ့ချင်ပါတယ်။"
YOU ARE READING
ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅
Romanceမူရင်းရေးသားသူ - Zhuge Jin အင်္ဂလိပ်ဘာသာပြန်သူ - Fringe Manatee မြန်မာဘာသာပြန်သူ - Ewe - ယူ ဝတ္ထုအမည် - ဗီလိန်ရဲ့ညီမ အခန်း - ၁၂၉ (Unicode + Zawgyi) မူရင်းရေးသားသူ - Zhuge Jin အင်္ဂလိပ်ဘာသာပြန်သူ - Fringe Manatee မြန်မာဘာသာပြန်သူ - Ewe - ယူ ဝတ္ထုအမည်...