အခန်း (၇၃)

9.5K 1.2K 168
                                    

Unicode

"ဒါနဲ့ နင့်ကို တစ်ခုတော့ ပြောချင်တယ်။"

ညီမဖြစ်သူကိုကြည့်ရင်း Nie ChengFeng ပြောလိုက်သည်။

"ငါံနာမည်ခေါ်တဲ့ပုံက နည်းနည်း...မဟုတ်သေးသလိုပဲ။ အရှေ့မှာ အစ်ကိုဆိုတာထည့်မခေါ်ဘဲ နောက်တစ်မျိုးခေါ်ကြည့်ပါလား။"

"ကောင်းပြီလေ။"

သူ၏ဆိုလိုရင်းကို သူမ သဘောပေါက်သဖြင့် ပြုံးရင်း ခေါင်းညိတ်ပြလိုက်သည်။

"ကိုကြီး လို့ ခေါ်ကြည့်။"

"အစ်ကို.... ကြီး"

ကိုကြီးဟူသည့်စကားမှာ သူမ နလုံးသား၏အနက်ရှိုင်းဆုံးတစ်နေရာတွင် မူပိုင်ခွင့်ယူထားပြီးပြီဖြစ်၍ အစ်ကိုရင်းပင်ဖြစ်နေပါစေ အခြားသူတစ်ယောက်အား မည်သည့်နည်းနှင့်မျှ ခေါ်၍မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် ထိုစကားနှစ်လုံးကြားတွင် အချိန်အနည်းငယ်ဆွဲ၍ တမင်သက်သက် ပြောလိုက်ခြင်းဖြစ်သည်။

(T/N : အိမ်း... မှတ်ထားဦးမှ။ ကိုကြီးနဲ့ယှဉ်လာရင် အားလုံးက ဖွဲနဲ့ ဆန်ကွဲပဲ 😌)

နောက်ဆုံး၌ ညီမဖြစ်သူ၏အခြေအနေကို ရိပ်မိသွားပြီဖြစ်ကာ ဘယ်လိုပင်ပြောပြော ထူးလာမည့်အကြောင်း မမြင်သည့်အတွက် အံတကြိတ်ကြိတ်ဖြင့်သာ ထိုကိစ္စကို လျှော်ထားလိုက်ရတော့သည်။

စိတ်နောက်နောက်ဖြင့် ဖုန်းဖွင့်ကြည့်လိုက်သည့်အခါ သူ့ပိုစ့်အောက်တွင် လာမန့်ထားကြသည့် ကွန့်မန့်အသစ် ၁၀ ခုကျော်ကို တွေ့ရပြန်သည်။ အားလုံးက ထိုဓာတ်ပုံနောက်ကွယ်မှ အကြောင်းရင်းမှန်ကို သိချင်နေကြသူများဖြစ်သည်။ သို့သော် သူ မျှော်လင့်တကြီး စောင့်စားနေသည့် Huo YanXiao ၏ အရိပ်အယောင်ကိုမူ လုံးဝမမြင်ရသေးပေ။

ဓာတ်ပုံထဲမှ သူတို့နှစ်ယောက်၏ပတ်သက်မူအမှန်ကို သိချင်နေကြသည့် သူငယ်ချင်းများအား 'Nie AnAn သည် သူ၏ ညီမအရင်း' ဖြစ်ကြောင်းကို Reply ပြန်ရန်လုပ်နေစဉ်တွင် ကွန်မန့်တစ်ခု ထပ်တက်လာသည်။

ထိုအကောင့်ပိုင်ရှင်၏ Profile ပုံမှာ Huo YanXiao နှင့် တူနေသလိုလိုရှိကြောင်းကို သတိပြုမိသည့်အခါ သူ၏စိတ်ဝင်စားမှုများ မြင့်တက်သွားကာ ချက်ချင်းဖွင့်ကြည့်လိုက်သည်။

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now