အခန်း (၅၃)

10.3K 1.3K 36
                                    

Unicode

သူမ ပေးလာသည့် wet tissue ဖြင့် သူ့လက်နှစ်ဖက်ကို သေသေချာချာ သုတ်လိုက်သည်။ ထို့နောက် ဘူးထဲမှ ကဏန်းပေါက်စီကို လှမ်းယူလိုက်ကာ တစ်ကိုက်ကိုက်လိုက်သည်။

အခန်းထဲ၌ရှိနေသည့် အခြားသူများနှင့်အတူ အစီအစဉ်ကို ကြည့်ရှုနေကြသည့် ပရိသတ်များအားလုံးမှာ မြိန်ရေရှက်ရေစားနေသည့် သူ့ကိုကြည့်ပြီး သွားရည်တမြားမြားဖြစ်နေတော့သည်။

အေးအေးဆေးဆေး ထိုင်စားနေသည့် သူ၏အပြုအမူများက ကြည့်ကောင်းနေကာ အချိန်ခဏလေးအတွင်း၌ လက်ထဲမှပေါက်စီ ကုန်သွားတော့သည်။ ဘူးထဲမှ နောက်တစ်ခုလှမ်းယူရန် ခေါင်းမော့လိုက်သည့်အခါ သူ့အားငေးကြည့်နေသည့် သူမ၏မျက်ဝန်းများတွင် နူးညံ့ကြင်နာမှုများကို တွေ့လိုက်ရသည်။ 

" ကျေးဇူး၊ AnAn

ထိုသို့ပြောပြီးသည့်အခါ ပေါက်စီမကိုင်ရသေးသည့် ကျန်လက်တစ်ဖက်ဖြင့် သူမ ခေါင်းကို အသာအယာပုတ်လိုက်သည်။

ကွန်မန့်များ

“OMG! OMG! AnAn ခေါင်းလေးကိုပုတ်လိုက်တာ တွေ့လိုက်လား၊ ကြည်နူးစရာကောင်းလိုက်တာဟယ်။"

" AnAn နေရာမှာ ငါသာ ဖြစ်လိုက်ချင်တော့တယ်။"

"အပေါ်က ကွန်မန့်ပိုင်ရှင်များအတွက် သတင်းကောင်းလေးတစ်ခု လက်တို့လိုက်ပါရစေနော်။ တကယ်လို့ သင့်အနေနဲ့ ပေါက်စီ ဘယ်လိုလုပ်ရမလဲ မသိလို့ စိတ်ညစ်နေတယ်ဆိုရင် (ဒါမှမဟုတ်) အရသာရှိတဲ့ အစားအသောက်ကောင်းကောင်းတွေ ဘယ်လိုချက်ရမလဲမသိလို့ လမ်းပျောက်နေတယ်ဆိုရင် တွေဝေမနေဘဲ 'အာရှဘုရင် ဟင်းချက်ကျောင်းတော်' မှာ လာသင်ပြီး အခုပဲ ကိုကြီးတစ်ယောက်ကို အမိဖမ်းလိုက်ပါ။"

"အရေးထဲမှာ ဖျာလာခင်းတဲ့ ကြော်ငြာရှင်နဲ့ လာတိုးနေရတယ်!!"
…....

အခန်းထဲမှ လူများမှာ "သီချင်းဆက်တမ်း ကစားနည်း" ကို ဆက်ကစားဖို့ပင် သတိမရကြတော့ပေ။ ထို့ပြင် ကင်မရာဆရာကိုယ်တိုင်လည်း Huo YanXiao စားနေသည့်နေရာသို့သာ အာရုံရောက်နေကာ ကင်မရာကို သူ့ဆီ၌သာ ချိန်ရိုက်ထားလိုက်တော့သည်။ ဧည့်ခန်းထဲ၌ ဂိမ်းကစားနေကြသည့်အစီအစဉ်မှာ အစားအသောက်ပြပွဲ အဖြစ်သို့ ပြောင်းသွားတော့သည်။

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now