အခန်း (၃၃)

11.5K 1.4K 0
                                    

Unicode

Nie ChengFeng ကားပါကင်သို့ သွားနေသည့်လမ်းတွင် ဖုန်းမြည်လာလေသည်။ ဖုန်းခေါ်ဆိုသူမှာ သူ၏ချစ်လှစွာသောမွေးသမိခင် ဖြစ်နေသည့်အတွက် ချက်ချင်းပင်ဖုန်းကိုင်လိုက်ကာ

"အမေ"

ChengFeng, AnAn ရဲ့ အချက်အပြုတ်လက်ရာက ဘယ်လိုလဲ။ စားလို့မြိန်ရဲ့လား။"

ဟူ၍ Nie မားမား လှမ်းမေးလိုက်သည်။

“ဟမ်”

ရုတ်တရက်မေးလာသည့်အတွက် Nie ChengFeng ဘာဖြေရမှန်းမသိဖြစ်သွားကာ စက္ကန့်အနည်းငယ်ခန့်မျှ ကြောင်သွားသည်။ ထို့နောက်မှသာ သတိပြန်ဝင်လာရင်း

“အမေလည်း 'ရွှေအင်းလေး' ရှိုးအစီအစဉ်ကို ကြည့်နေတာလား။"

"ဒါပေါ့ သားရယ်၊ အဲ့ဒီ ရှိုးရိုက်ကူးတဲ့နေရာက အမေတို့ရဲ့ ခရီးသွားမြို့တော်လည်းဖြစ်တဲ့အပြင် Nie အုပ်စုက စပွန်ဆာပေးထားတဲ့ အစီအစဉ်ဖြစ်နေမှတော့ အမေက မဖြစ်ဖြစ်အောင် ကြည့်ရမှာပေါ့။"

ထိုသို့ပြောရင်းနှင့်ပင် သူမလေသံက ပြောင်းသွားကာ

"ဒါနဲ့ နေပါဦး၊ မင်းက AnAn ချက်ကျွေးတာကျ အားရပါးရစားခဲ့ပြီးတော့ ဒီနေ့လေဆိပ်မှာ သူ့ကို ဘာဖြစ်လို့ မကူညီခဲ့ရတာလဲ။"

Nie ChengFeng, “……”

"အမေ၊ အခု ဖြစ်ပျက်နေတဲ့ ကိစ္စပြဿနာတွေကို ကျွန်တော်က ဂဃနဏ မသိဘူးလေ။ ပြီးတော့ သတင်းထောက်တွေက ကျွန်တော့်ကိုမှ အင်တာဗျူးလာမမေးကြတာ။"

ဟူ၍ Nie ChengFeng ရှင်းပြလိုက်သည်။

"အမေတို့ ရှိုးရဲ့ အစီအစဉ်တစ်ပိုင်းလုံးကို ကြည့်ပြီးသွားပြီ။ အဲ့ဒီထဲမှာ AnAn လေးက Qin ZiMing နဲ့ တစ်ခန်းတည်းအတူတူရိုက်ရတဲ့အချိန်တွေမှာတောင် သူ့ကို တစ်ချက်ကလေးမှ လှည့်ကြည့်ခဲ့တာမဟုတ်ဘူးလေ။ တီဗီကနေကြည့်နေတဲ့ အမေတို့လိုပရိတ်သတ်တွေတောင် သိနေတာကို အစီအစဉ်ထဲမှာ ကိုယ်တိုင်ကိုယ်ကျပါဝင်သရုပ်ဆောင်နေတဲ့မင်းက ဘာမှမသိစရာမကြောင်း မရှိဘူး။"

Nie မားမားက မကျေမနပ်ပြောဆိုသံကို ကြားရသည့်အခါ Nie ChengFeng ၏အတွေးထဲ၌

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Hikayelerin yaşadığı yer. Şimdi keşfedin