Unicode
သူမ အား စာကြည့်ခန်းသို့ Huo YanXiao ခေါ်သွားသည်။ မီးခံသေတ္တာထားသည့် နေရာသို့ရောက်သည့်အခါ ထိုအရှေ့၌ရပ်လိုက်ပြီး
"AnAn ၊ အခု ငါပြောမယ့်ဟာကို သေသေချာချာ မှတ်ထားဖို့လိုတယ်။ ဒီသေတ္တာရဲ့ လျို့၀ှက် ကုတ်နံပါတ်က..."
သူမ မှတ်ဉာဏ်ထဲ၌ ကြိုးစား၍ မှတ်ထားလိုက်သည်။
"ဟုတ် ကိုကြီး၊ ညီမလေး မှတ်မိပါတယ်။"
ပိုင်ဆိုင်ထားသမျှ ပစ္စည်းဥစ္စာအားလုံးကို သူမနှင့်အတူမျှဝေသုံးစွဲလိုသည့် သူ၏သဘောထားကို သိလိုက်ရသည့်အခါ Nie AnAn ရင်ထဲ၌ ကြည်နူးသွားရသည်။
"ကိုကြီး... ဒီပိုင်ဆိုင်မှုတွေက ညီမလေးအတွက် တကယ်အရေးမကြီးပါဘူး။ ဂရုလည်း မစိုက်ပါဘူး။"
သူမ ပြောနေသည့်စကားများကို Huo YanXiao မကြားဟန်ပြုလိုက်ပြီး သူ့လက်များကို Nie AnAn ပခုံးပေါ်၌ တင်လိုက်သည်။
"ငါ့ဘ၀တစ်လျှောက်လုံး ရင်းနှီးမြှပ်နှံထားခဲ့တဲ့ လုပ်ငန်းတွေရဲ့ စာချုပ်စာတမ်းနဲ့ ဖိုင်တွဲတွေအားလုံး မီးခံသေတ္တာထဲမှာ သိမ်းထားတယ်။ ပြီးတော့ ဘဏ်မှာအပ်ထားတဲ့ ငါ့ရဲ့ လျို့ဝှက်သေတ္တာအတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေလည်း ဒီထဲမှာရှိတယ်။"
ထိုသို့ ပြောပြပြီးသည့်အခါ စာအုပ်စင်ဘက်သို့ ညွှန်ပြပြီး
"အဲ့ဒီမှာ မင်းကို ငါ့ပိုင်ဆိုင်မှုတွေရဲ့ အကျိုးခံစားခွင့်ရှိသူဖြစ်ကြောင်း အသိအမှတ်ပြုထားတဲ့ အသက်အာမခံ စာချုပ်ရှိတယ်။"
Huo YanXiao ၏ စကားကိုနားထောင်ရင်း ပုံမှန်မဟုတ်သည့် သူ၏စကားများကြောင့် စိုးရိမ်စိတ်များက သူမ ရင်ထဲသို့ ချည်းနင်း၀င်ရောက်လာသည်။ စိတ်ပူလွန်းသဖြင့် မနေနိုင်တော့ဘဲ သူ၏ အင်္ကျီစကို ဆွဲကာ
"ကိုကြီး အခု ဘာတွေလုပ်နေတာလဲ။ ညီမလေးနားလည်အောင်လည်း ရှင်းပြပါဦး။"
"AnAn ... တကယ်တော့ ငါမင်းကို တောင်းပန်စကား ပြောချင်တယ်။"
သူမ ၏ မျက်၀န်းများမှာ ကြည်လဲ့တောက်ပနေကာ သူဘာဆက်ပြောမည်ကို စိတ်ဝင်တစား နားစွင့်နေသည်။
YOU ARE READING
ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅
Romanceမူရင်းရေးသားသူ - Zhuge Jin အင်္ဂလိပ်ဘာသာပြန်သူ - Fringe Manatee မြန်မာဘာသာပြန်သူ - Ewe - ယူ ဝတ္ထုအမည် - ဗီလိန်ရဲ့ညီမ အခန်း - ၁၂၉ (Unicode + Zawgyi) မူရင်းရေးသားသူ - Zhuge Jin အင်္ဂလိပ်ဘာသာပြန်သူ - Fringe Manatee မြန်မာဘာသာပြန်သူ - Ewe - ယူ ဝတ္ထုအမည်...