အခန်း (၃၂)

11.5K 1.4K 2
                                    

Unicode

Qin ZiMing ရှိရာသို့ သတင်းထောက်များအားလုံး အပြေးအလွှားထွက်သွားကြသဖြင့် လူရှင်းသွားချိန်၌ သူ့နောက်မှ Nie AnAn လက်ကိုကိုင်ကာ လေဆိပ်အပြင်သို့ ဆွဲခေါ်သွားလေသည်။

သူ၏ကိုယ်က သူမကို အရိပ်သဖွယ် အုပ်မိုးနေကာ ရှေ့မှခြေလှမ်းကျဲကြီးများနှင့် သွားနေသည့် သူ့နောက်ကိုမှီအောင် မနည်းလိုက်နေရသည်။ သို့သော်လည်း သူမ စကားတစ်ခွန်းမှမဆိုဘဲ သူမလက်ကို ဆွဲကိုင်ထားသည့် Huo YanXiao ခေါ်သွားရာနောက်သို့ အသာတကြည်လိုက်သွားသည်။

'သူက ငါ့ကို ဂရုမစိုက်ဘူး မဟုတ်ဘူးလား။ ဘာလို့ ဒီနေရာမှာ ရောက်လာရတာလဲ။ ငါ့ဘက်ကနေလည်း ဝိုင်းပြောပေးခဲ့သေးတယ်။ ပြီးတော့ အခုနတုန်းက သူပြောလိုက်တဲ့သတင်းဆိုတာက ငါ့ကိုကူညီဖို့အတွက် သူသက်သက်ဖန်တီးထားတာလား။'

Nie AnAn တစ်ယောက် သူမရှေ့မှသွားနေသည့်သူ့ကိုကြည့်ရင်း နားမလည်နိုင်ဘဲ ဖြစ်နေသည်။

"ကိုကြီး၊ ညီမလေးတို့ ဘယ်ကိုသွားကြမှာလဲ။"

ဟူ၍ အသံတိုးတိုးဖြင့် သူမ အနောက်မှ လှမ်းပြောသံကို

"အိမ်"

ဟု Huo YanXiao က တတိုတိုတုတ်တုတ်သာ ပြန်ဖြေလိုက်သည်။

"ဒါပေမဲ့ ကျွန်မရဲ့ ခရီးဆောင်အိတ်တွေက လေဆိပ်ထဲမှာရှိနေသေး..."

သူမအနားသို့ ဝိုင်းအုံလာသည့် သတင်းထောက်များကိုသာ အာရုံရောက်နေမိသဖြင့် ခရီးဆောင်အိတ်များ ဘယ်ရောက်သွားသည်ကို မသိတော့ပေ။ ထိုအိတ်ထဲ၌ အာဟာရဗေဒပညာရှင် တစ်ယောက်ဖြစ်ကြောင်း သက်သေပြနိုင်သည့် လိုင်စင်ကတ်ပြား ပါသွားသဖြင့် Nie AnAn စိုးရိမ်သွားသည်။

"မင်းအိတ်တွေသွားယူဖို့ ငါ့လူတွေကို အစောကြီးကတည်းက ခိုင်းထားပြီးပြီ။"

ထိုသို့ပြောနေရင်းနှင့်ပင် သူမကို ကားပါကင်ရှိရာသို့ ဆွဲခေါ်လာသည်။

"ကျေးဇူးတင်ပါတယ် ကိုကြီး။"

ထို အခိုက်အတန့်၌ သူ့ခြေလှမ်းများ ရုတ်တရက် ရပ်လိုက်ကာ

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now