🎁Suprise🎁

8.8K 931 53
                                    

Unicode - အခန်း (၁၂၂)

သူ့စကားကြောင့် သူမ ရင်ခုန်သံများ မြန်ဆန်သွားသည်။ ရှက်စိတ်ကလေးနှင့်အတူ သူမ မျက်နှာတစ်ခုလုံး ရဲတွတ်သွားတော့သည်။

နီမြန်းနေသည့် မျက်နှာလေးနှင့် အနေရခက်သွားသည့် Nie AnAn အမူအရာကိုတွေ့သည့်အခါ သူဘာဆိုလိုသည်ကို သူမ နားလည်ကြောင်း Huo YanXiao သိလိုက်သည်။

သူ့နှုတ်ခမ်းကို ခပ်ဟဟဖွင့်ကာ သူမ နားထဲသို့တီးတိုးကပ် ပြောလိုက်သည်။

"AnAn ၊ အချိန်ပေးထားတဲ့ တစ်လ ပြည့်သွားပြီ။"

အသက်ပင် ကောင်းကောင်းမရှုဝံ့တော့ဘဲ တစ်ကိုယ်လုံးရှိ သွေးများက ခန္ဓာကိုယ်အပေါ်ပိုင်းသို့ စုပြုံတက်လာသလို ခံစားရသဖြင့် Nie AnAn ခေါင်းမူးချင်လိုပင် ဖြစ်လာသည်။

အချိန်ကုန်သည်မှာ မြန်ဆန်လွန်းလှသည်ဟု သူမ ထင်မိသည်။ အမှန်တကယ်မူ ထိုအချိန်အတွင်း၌ သူမ တို့နှစ်ယောက် ရင်းနှီးမှုတည်ဆောက်ရမည်ဖြစ်သော်လည်း တစ်လလုံးလုံး သူနှင့် ဝေးနေခဲ့ရသည်။

Nie AnAn ထိုသို့တွေးနေချိန်၌ Huo YanXiao အနမ်းမိုးများက သူမ အပေါ်သို့ ကျရောက်လာတော့သည်။

အရိုင်းပန်းလေး တစ်ပွင့်ပမာဖြစ်နေသည့် Nie AnAn မှာ ဆန်းကြယ်မှုများနှင့်ပြည့်နေသည့် အချစ်ပန်းခင်းကမ္ဘာကြီးထဲ ရောက်သွားတော့သည်။ အထိအတွေ့အားလုံးကို သူမ၏ အာရုံငါးပါးစလုံးမှ ကောင်းမွန်စွာ သိရှိခံစားမိနေသဖြင့် ငြင်းဆန်တွန်းလှန်နိုင်ရန် အင်အား မရှိတော့ပေ။

စောစောက ရှင်းလင်းထားပြီဖြစ်သည့် ထမင်းစားပွဲပေါ်တွင် သူမ ကိုယ်လေးကို Huo YanXiao လှဲချလိုက်သည်။ သူမ ပုံစံလေးက စားပွဲပေါ်၌ ခင်းကျင်းထားသည့် သူ့အတွက် အချိုပွဲနှင့် အမှန်တူနေတော့သည်။

Huo YanXiao ၏ အပြုအမူများက ယခင်တုန်းကကဲ့သို့ နူးညံ့ကြင်နာနေပုံမပေါ်ဘဲ သူမ သိထားပုံနှင့် လုံးဝကွဲပြားနေကာ အနည်းငယ် စိတ်မရှည်နေပုံရသည်။ ထို့ကြောင့် မရုန်းဝံ့တော့ဘဲ အသာလေးငြိမ်နေလိုက်ရတော့သည်။

သို့သော်လည်း ရင်ထဲမှ စိုးရိမ်နေသည့်စိတ်တို့ကြောင့် သူ့အား မျက်လုံးရွဲကြီးများဖြင့်ကြည့်ကာ သနားစဖွယ်ရုပ်ကလေးဖြင့်

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now